၁၅နှစ်အရွယ် အထက်တန်းကျောင်းသူလေးတဦးဟာ သူ လိင်ဆက်ဆံနေတဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ်တွင် ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဒါ့ကြောင့် သူက အရှက်ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်လို့ နိုဝင်ဘာ ၂၂ ရက်နေ့ကသိရှိရပါတယ်။ ယခုဖြစ်ရပ်ကတော့ ဘရာဇီးနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။ အဆိုပါပုံတွေကို သူ့ရဲ့ရည်းစားဟောင်းက အွန်လိုင်းပေါ် တင်ခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ ပုံတွေက သေဆုံးသူမိန်းကလေး အသက်၄နှစ်တုန်းကပုံတွေဖြစ်ပါတယ်။ သူမ အသက်၁၄နှစ်က သက်၁၇နှစ်အရွယ်ရှိတဲ့ ယောကျာ်းတစ်ယောက်နှင့် ချစ်ခဲ့တာပါ။ အဆိုပါပါ ပုံတွေက ထိုတုန်းက ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ မိန်းကလေး၏ နာမည်က ကရီနာဆိုင်ဖာ အိုလစ်ဗီယာဖြစ်ပါတယ်။ သူမက နိုဗာအန်ဒရာဒီနာ အထက်တန်းကျောင်းမှဖြစ်ပြီး နေထိုင်ရာမြို့ ပတ်ဝန်းကျင်မှာ ဒီပုံနဲ့ပတ်သက်တဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပြီးနောက် နိုဝင်ဘာ ရ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာပါ။ 

သူမရဲ့ မိခင်ဖြစ်သူဟာ သကြားစက်ရုံတရုံမှာ အလုပ်လုပ်ပြီး အိမ်အပြန် သမီးဖြစ်သူရဲ့ အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၆ နှစ်အရွယ် မိခင်ဖြစ်သူ အန်ဂျလာဆိုင်ဖာက သမီးဖြစ်သူဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်၊ စိတ်ဓာတ်ကျတဲ့ ပြင်ပလက္ခဏာ တစုံတရာကို သတိမပြုမိခဲ့ဘူးလို့ ဆိုပါတယ်။ သမီးဖြစ်သူရဲ့ မဖွယ်မရာပုံတွေနဲ့ ပတ်သက်ပြီး WhatsApp အင်တာနက် လူမှုကွန်ရက်ပေါ်မှာတော့ အနိုင်ကျင့် စွပ်စွဲပြစ်တင်မှုတွေ ပျံ့နှံ့နေခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။ ကရီနာရဲ့ ဖခင်ဖြစ်သူ အာပရေဆီဒို အိုလစ်ဗီယာကတော့ ကျောင်းမှ လုံခြုံရေးဝန်ထမ်းတဦး ဖြစ်ကာ သမီးဖြစ်သူဟာ ပြီးခဲ့တဲ့ ၂ လလောက်ကတည်းက ကျောင်းမှာ ဗိုလ်ကျစော်ကားခံနေခဲ့ရတာလို့ ပြောပါတယ်။ ကရီနာဟာ မိခင်က လူဖြူ၊ ဖခင်က လူမည်းတဦးဖြစ်တာမို့ ငယ်စဉ်ကတည်းက စနောက် လှောင်ပြောင်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရဲတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကာ ဒီဓာတ်ပုံတွေ အွန်လိုင်းပေါ်မှာ ရှိသေးသလား ဆိုတာကတော့ မသိနိုင်ဘူးလို့ သိရှိရပါတယ်။

Source – The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။