လွန်ခဲ့တဲ့(၂၀၁၂)ခုနှစ်ကအမေရိကန်သမ္မတဟောင်းအိုဘားမားမြန်မာနိုင်ငံလာရောက်စဉ်အတွင်းလက်ရှိနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးမှုများအရEပညာရေးစနစ်ဖွံဖြိုးတိုးတက်စေရန်အမေရိကန်နိုင်ငံမှသင်ကြားရေးဆရာများလာရောက်ကူညီပေးကြစေဖို့သဘောတူညီမှုရရှိခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီသဘောတူညီချက်များအရအမေရိကန်နိုင်ငံမှသင်ကြားရေးဆရာ၊ဆရာမများဟာပဲခူးတိုင်းဒေသကြီး၊သနပ်ပင်မြို့နယ်တွင်လာရောက်ကူညီသင်ကြားပေးနေကြတာပြီပဲဖြစ်ပါတယ်။

လူမှုကွန်ယက်တွေမှာလဲနိုင်ငံခြားသူသင်ကြားရေးဆရာများရဲ့မြန်မာကျောင်းဆရာ၊ဆရာမတွေလိုအဖြူနဲ့အစိမ်းဝတ်စုံလေးဝတ်ဆင်ထားတဲ့ချစ်စရာပုံရိပ်လေးတွေပျံနှံ့နေပြီးမြန်မာပြည်သူတွေကြားဂုဏ်ယူဖွယ်ရာသတင်းတစ်ပုဒ်အဖြစ်ရေပန်းစားလျက်ရှိတာပဲဖြစ်ပါတယ်။လာမယ့်(၂၀၁၈)ခုနှစ်အတွင်းမှာလဲပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်မြိုနယ်အတွက်သင်ကြားရေးဆရာ၊ဆရာမများထပ်မံလာရောက်သင်ကြားပေးသွားအုန်းမယ်လို့လဲသိရပါတယ်။လက်ရှိမှာတော့ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်မြိုနယ်အတွက်သင်ကြားရေးဆရာ၊ဆရာမ(၃)ဦးလျာထားလျက်ရှိတာပဲဖြစ်ပါတယ်။

ထပ်မံ၍PTZ ဘိုးရာဇာကျောင်းအတွက် ဆရာ/ဆရာမတဦးရရှိလာနိုင်စရာရှိတယ်လို့လဲခန့်မှန်းထာတယ်လို့သိရပါတယ်။၎င်းလာရောက်သင်ကြားမယ့်အမေရိကန်နိုင်ငံမှသင်ကြားရေးဆရာများဟာမြန်မာနိုင်ငံအတွင်း(၂)နှစ်စီမံကိန်းဖြင့်လာရောက်သင်းကြားရန်စီစဉ်ထားတယ်လို့သိရပါတယ်။လက်ရှိပဲခူးတိုင်းဒေသကြီးအတွင်းလာရောက်သင်းကြားပေးနေတဲ့Peace Corps Myanmarအဖွဲ့မှစေတနာ့ဝန်ထမ်းဆရာမလေး #Abby Hester ရဲ့ပုံရိပ်လေးကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Source - Sharr Sit Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။