နိုဝင်ဘာလ(၂၂)ရက်၊နံနက်(၁၀)နာရီအချိန်ခန့်တွင်ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့မရဲစခန်းမှထွက်ပြေးတိမ်းရှောင်နေတဲ့တရားခံပြေးအဖြစ်သတ်မှတ်ထားခြင်းခံရသူအမျိုးသားတစ်ဦးပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့သတင်းရရှိပါတယ်။အဆိုပါတရားခံပြေးအမျိုးသားဟာကျိုင်းတုံမြို့အမှတ်(၂)ရပ်ကွက်၊ကျိုင်းကာရွာတွင်ရောက်ရှိတိမ်းရှောင်နေစဉ်ကျိုင်းတုံမြို့မရဲစခန်းမှနယ်ထိန်းရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။  

တရားခံပြေးစိုင်းမင်းသူ၊အသက်(၁၆)နှစ်ဟာတာချီလိတ်မြို့၊ပါလျှံ(၁)ရပ်ကွက်၊တွင်နေထိုင်သူဖြစ်ပြီး၊တာချီလိတ်မြို့တွင်ရွှေခိုးမှုကျူးလွန်ထားသူဖြစ်တယ်လို့သိရပါတယ်။အဆိုပါတရားခံပြေးဆိုသူနဲ့ပတ်သက်တဲ့အချက်အလက်သတင်းတွေကြိုတင်ရထားတာဖြစ်ပြီးရဲတပ်ဖွဲ့ဝင်အချင်းချင်းကိုချိတ်ဆက်သတင်းပေးထားချက်များအရနေ့ညမပြတ်နယ်ထိန်းရဲတပ်ဖွဲ့ဝင်များနဲ့ပြည်သူအကြားမှာလူစိမ်းအဝင်အထွက်ကိုစောင့်ကြည့်နေခဲ့တာဖြစ်ပြီးထူးခြားဖြစ်စဉ်သတင်းကိုရလို့ခုလိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်လို့ကျိုင်းတုံမြို့မရဲစခန်းမှနယ်ထိန်းရဲ အုပ်အေးခိုင်မှပြောပါတယ်။

လက်ရှိမှာတော့ တရားခံပြေး စိုင်းမင်းသူကို တာချီလိတ်မြို့မရဲစခန်းမှာ(ပ)၁၇၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၁၂ ဖြင့် အမှုဖွင့်အရေးယူထားတယ်လိုသိရပါတယ်။ဆက်လက်ပြီး တာချီလိတ်မြို့မရဲစခန်းမှ တရားခံပြေးအဖြစ်ကြေညာသတ်မှတ်ခံထားရသူစိုင်းမင်းသူအားကျိုင်းတုံမြို့မရဲစခန်းတွင်ခေတ္တထိန်းသိမ်းဖမ်းဆီးထားပြီးတာချီလိတ်မြို့မရဲစခန်းသို့ရဲလုပ်ထုံးလုပ်နည်းဥပဒေနှင့်အညီလွှဲပြောင်းပေး အပ်ရန် စီစဉ်ထားတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - ကမ္ဘောဇတိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။