နာမည်ကျော်ပြည်သူချစ်မင်းသမီးတစ်ဦးဖြစ်တဲ့ ထက်ထက်မိုးဦးဟာဆိုရင် အနုပညာလောက မှာ လူချစ်လူခင်အပေါများဆုံးမင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ်။ ကြော်ငြာဘုရင်မလေးလို့ တောင် တင်စားခေါ်ဝေါ်ရလောက်တဲ့အထိ သူမရဲ့ချစ်စဖွယ်အမူအရာတွေကထင်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမကချစ်စဖွယ်သမီးလေး စစ်လွန်းဝတီထက်ကို ပိုင်ဆိုင် ထားပြီး ခင်ပွန်းဖြစ်သူ စိုင်းလွှမ်းနဲ့ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ တည်ငြိမ် သူမင်းသမီးလေးဖြစ်နေပါပြီ။ ချစ်စဖွယ်သမီးလေးက ဖခင်ရဲ့မွေးနေ့အတွက်အလှပြင်ပေး မယ်ဆိုပြီး ပြီးခဲ့တဲ့ရက်က အဖေကို လက်သည်းနီဆိုးပေးနေတဲ့ပုံလေးတွေ မြင်ရတာကြည်နူး စရာကောင်းလှပါတယ်။

ထက်ထက်မိုးဦးဟာ အသက်လေးဆယ်ကျော်လာသည့်တိုင် ယခင်ကနုပျိုမှုတွေပျောက်ဆုံး မသွားခဲ့ပါဘူး။ ဝိတ်တွေချလိုက်ပြီးနောက်ပိုင်းမှာ အရင်ကထက်ပိုပိုပြီး လှလာလို့ ပရိတ် သတ်တွေရဲ့အသည်းကျော်လေး ယနေ့ချိန်ထိဖြစ်နေဆဲပါပဲ။ သူမရဲ့ဆံပင်အရှည်တွေကို အတိုပုံစံလေးပြင်လိုက်ပုံက တကယ့်ကိုဆယ်ကျော်သက်လေးအတိုင်း နုရွသွားပါတယ်။ ပုခုံးမရှိတရှိ အနေအထားလောက်ဆံပင်လေးဟာ သူမနဲ့တကယ်ကို လိုက်ဖက်မှုရှိ လှပါတယ်။ ပျော်ရွှင်ဖွယ် မိသားစုလေးနဲ့ဆိုတော့ သူမရဲ့ဘဝက အစစအရာရာအဆင်ပြေ ချောမွေ့လို့နေပါတယ်။

သမီးလေးကိုပညာတတ်ကြီးဖြစ်စေချင်တယ်လို့လည်းသူမကဆိုပါတယ်။ ချစ်စဖွယ်သမီးလေး ကလည်း မိဘကိုသိတတ်တဲ့သမီးလိမ္မာလေးဖြစ်တာကြောင့် မေမေဖြစ်စေချင်တဲ့ဆန္ဒ အတိုင်း ဖြစ်မှာသေချာပါ တယ်။ သူမရဲ့ဆံပင်ပုံစံအတိုလေးနဲ့ အရမ်းချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုတာကြောင့် အခုပဲဖော်ပြပေးလိုုက် ပြီနော်။

Photo Source - Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။