မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသမီး သုံးလက် အားပြိုင်ထားတဲ့ 3Girls ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒီနှစ်မကုန်ခင်ပရိသတ်ကြီးဆီရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ မတူညီတဲ့ရသတွေ၊ခံစားတွေနဲ့အတူပရိသတ်ကြီးအကြိုက်တွေ့အူးမှာပါ။အဆိုပါရုပ်ရှင်

ဇာတ်ကားကိုဒါရိုက်တာ” ၀ိုင်း” မှရိုက်ကူးထားခြင်းဖြစ်ပီး စာရေးဆရာမ လွန်းထားထားရဲ့”တိတ်ဆိတ်နက်ရှိုင်းသော သက်သေ”ဆိုတဲ့ဇာတ်လမ်းကိုအခြေခံပီးဖန်တီးထားတာပဲဖြစ်ပါတယ်။ 

3Girls ရုပ်ရှင်ဇာတ်ကားထဲတွင် အလင်းရောင်၊ဖွေးဖွေး၊အိချောပို၊ပိုင်ဖြိုးသုတို့က ပါ၀င်သရုပ်ဆောင်ထားပီး အခြားအနုပညာရှင်များစွာလည်းပါ၀င်ထားပါတယ်။

ဇာတ်ကားထဲတွင် “အချစ်နှင့်စစ်မှာမတရားတာမရှိဘူးလို့”ခံယူထားတဲ့ “ခေါင်ပွင်”့အဖြစ် ဖွေးဖွေး၊ ချစ်သူအပေါ် မြတ်နိုးနိုးချစ်နေတဲ့ ကောင်မလေး “မိုးစက်ချို”အဖြစ် အိချောပို၊ အမှန်််တရားနဲ့တရားမျျှတမှုကို အလေးထားတဲ့ “ရွှေရုပ်သွင်” အဖြစ် ပိုင်ဖြိုးသု၊ မိန်းကလေးသုံးယောက်ကြားမှာ ဗျာများနေရတဲ့ ကောင်လေး “ကြည်ညို” အဖြစ် အလင်းရောင်တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ 

ပရိသတ်တွေကို ထူးခြားတဲ့ရသတွေပေးစွမ်းမဲ့ဒီရုပ်ရှင်ဇာတ်ကားအမြည်း(Trailer)ကိုအောက်မှLinkလေးပေးထားတယ်နော်။ဒါရိုက်တာဝိုင်းရဲ့လက်ရာမြောက်တဲ့ဖန်တီးမှုနဲ့အတူ ဇာတ်ဆောင်စရိုက်ကိုယ်စီ ပီပြင်စွာသရုပ်ဆောင်ထားတဲ့အတွက်ပရိသတ်ကြီးကိုစိတ်ကျေနပ်စေမှာ အမှန်ပါပဲ။ ဒါကြောင့် ဒီနှစ်မကုန်ခင် ရုံတင်တော့မဲ့ 3Girls ရုပ်ရှင်ထွက်လာရင်အားပေးလိုက်ကြပါအူး ပရိသတ်ကြီးရေ..။

Source : 3Girls(facebook Page)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။