နာမည်ကျော် မင်းသမီး Urassaya Sperbund ကို ၁၉၉၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ က ထိုင်းနိုင်ငံ ပတ္တရားမှာ မွေးဖွားခဲ့ပါတယ်။ သူမကို Yaya အဖြစ်လူသိများပါတယ်။ နော်ဝေ နဲ့ ထိုင်း သွေးနှောထားတဲ့ ကပြား မင်းသမီးချောလေးပါ။ လက်ရှိအချိန်မှာ နာမည်အကျော်ကြားဆုံး မင်းသမီး အဖြစ် ရပ်တည်နေသူပါ။ သူမဟာ နာမည်ကြီး မော်ဒယ် အဖြစ် လည်း ရပ်တည်လျက်ရှိပါတယ်။

သူမ ဟာ ဘာသာစကား မျိုးစုံ ပြောဆိုနိုင်သူပါ။ အင်္ဂလိပ်၊ ထိုင်း၊ နော်ဝေ၊ ပြင်သစ် နဲ့ စပိန်ဘာသာစကားတွေပြောဆိုနိုင်ပါတယ်။ ဒါ့အပြင် သူမ ဟာ ချူလောင်လောင်ကွန်း တက္ကသိုလ်ကနေ ဘွဲ့ရရှိထားသူပါ။ ၂၀၁၀ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Duang Jai Akkanee ဆိုတဲ့ ရုပ်ရှင်နဲ့ ပရိသတ်ကြားမှာ ကျော်ကြားလာခဲ့ပါတယ်။ ယခုဆိုလျှင် သူမ ဟာ လူမှု ကွန်ယက် စာမျက်နှာ တစ်ခု ဖြစ်တဲ့ Instagram မှာ follower ပေါင်း ၅.၉ သန်း ရှိနေသူပါ။

မကြာသေးမီ က သူမဟာ Tambour Horizon watch campaign မှာ Jennifer Connelly, Miranda Kerr, Gong Yoo နဲ့ အခြားသရုပ်ဆောင်တွေ နဲ့ အတူ ပါ၀င်သရုပ်ဆောင်ထားပါတယ်။ သူမ ကြိုက်တဲ့ အစားအစာတွေကတော့ စွမ်တန် ဟင်းချို၊ ဆော်လမွန်ငါးနဲ့ ကောက်ညှင်းဆန်၊ ကြက်ကြော် တို့ပဲဖြစ်ပါတယ်။ သူမမှာ ချစ်သူ ရှိပါတယ်။ သူ့နာမည်ကတော့ Nadech Kugimiya ပါ။

Source: Thai Entertainment News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။