မော်ဒယ်သရုပ်ဆောင်ထွန်းကိုကိုဟာဆိုရင် 2013 ခုနှစ်က ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ Asia New Star Model Contest ပွဲမှာ Winner ဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဆုရရှိပြီး နောက် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီး ပရဟိတလုပ်ငန်းနဲ့ လူမှုအကျိုးပြုလုပ်ငန်း တွေလုပ် ဆောင်နေတဲ့ မော်ဒယ်တစ်ဦးအဖြစ်ရပ်တည်နေတာပဲဖြစ်ပါ တယ်။ လက်ရှိမှာတော့ မော်ဒယ်လောက ကနေ သရုပ်ဆောင်ဖက်ကို ကူးပြောင်းလာတာ ဖြစ်ပြီး ဇာတ်ကားတွေလက်ခံရိုက်ကူး နေတာပဲဖြစ်ပါ တယ်။ ထွန်းကိုကို ကို အားပေးဝန်းရံတဲ့ ပရိတ်သတ်တွေကလည်း အများအပြားရှိလို့ နေပါတယ်။

ထွန်းကိုကိုရိုက်ကူးထားတဲ့ဇာတ်ကားတွေထဲက တစ်ကားအပါအဝင်ဖြစ်တဲ့ ကောင်းကင်တည် မြဲ မြေပြင်တည်မြဲ ငါ့အချစ်တည်မြဲပါစေဆိုတဲ့ ရုပ်ရှင်ကားကြီးဟာတော့ မနေ့ကရိုက်ကူးလို့ ပြီး ဆုံးသွားပြီလို့ဆိုပါတယ်။ ရိုက်ကွင်းပေါ်ကပုံရိပ်တွေကတော့တင်လို့မရတာကြောင့် ကိုယ်ရိုက် ထားတဲ့ အလှပုံလေးတွေပဲတင်ပေးလိုက်ပါတယ်ဆိုပြီး ပရိတ်သတ်ရဲ့ သူ့ရဲ့အလန်းစားအမိုက် စားပုံရိပ်တွေကိုချပြလိုက်တာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကိုအစဉ်အမြဲလေးစားပြီး ကြိုးစားနေ မယ်လို့လည်းဆိုပါ တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထွန်းကိုကိုရဲ့ဒီဇိုင်နာဖြစ်သူချုပ်ပေးထားတဲ့ သိန်းကျော်တန် Night Dress ကို ပရိတ်သတ်ကိုချပြခဲ့ပါသေးတယ်။

ထွန်းကိုကိုဟာ Facebook ပေါ်မှာမနေ့က ကောင်းကင်တည်မြဲ မြေပြင်တည်မြဲ ငါ့အချစ်တည် မြဲ ပါ စေရုပ်ရှင်ကားကြီးရိုက်ကူးမှုများ ပြီးဆုံးပါပြီခင်ဗျာ ရိုက်ကွင်းပုံများတင်လို့မရလို့ အခု အလှပုံလေးရိုက် ပြီးတင်ပေးလိုက်ပါတယ်ခင်ဗျာ ပရိတ်သတ်များအတွက် အစဉ်အမြဲကြိုးစား လျက် ထွန်းကိုကို ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ အမိုက်စားမော်ဒယ်မင်းသား ထွန်းကိုကိုရဲ့ ရိုက်ကွင်းပေါ်က အလန်းစား ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါ တယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။