ဖခင်အရင်းက အပြာကားကြည့်ပြီး ကိုးနှစ်အရွယ်သမီးကို ညစဉ်အဓမ္မပြုကျင့်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိပ်ကုန်းရပ်ကွက်တွင် ဖခင်မှ ၉ နှစ်အရွယ် သမီးအရင်းအား အဓမ္မပြုကျင့်မှုကို နိုဝင်ဘာ ၁၇ ရက်နေ့က မြောက်ဥက္ကလာပရဲစခန်းသို့ လာရောက်တိုင်းတန်းခဲ့ကြောင်း သိရသည်။

အဆိုပါရပ်ကွက်နေ ဦးရွှေထွန်း(အသက် ၄၁နှစ်)ဆိုသူသည် ညသံခေါင်ယံအချိန်တွင် ညစ်ညမ်းကားများကြည့်ကာ သမီးဖြစ်သူကို ညစဉ် အဓမ္မပြုကျင့်ကြောင်း၊ ၎င်း၏လုပ်ရပ်ကို မည်သည့်ကိုမျှ ပြန်မပြောရန် ခြိမ်းခြောက်ကြောင်း ရဲတိုင်ချက်တွင် ပါရှိသည်။

ယင်းသို့ ပြုကျင့်ခံရသူမိန်းကလေးငယ်မှာ အဆိုပါဖြစ်ရပ်ကို အိမ်နီးချင်းအမျိုးသမီးထံပြောပြရာမှ အကြောင်းစုံ သိရသည့်အတွက် အဆိုပါအမျိုးသမီးက ရပ်ကွက်အမျိုးသမီးရေးရာဥက္ကဌထံ သွားရောက် ပြောဆိုခဲ့ပြီးနောက် အဓမ္မပြုကျင့်ခဲ့သူ ဦးရွှေထွန်းကို အရေးယူပေးရန် ရပ်ကွက်အမျိုးသမီးရေးရာဥက္ကဌက တရားလိုပြုတိုင်ကြားသဖြင့် မြောက်ဥက္ကလာပ မြို့မရဲစခန်းက (ပ) ၁၅၆၉/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Credit - ကိုရဲ (News Watch)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။