Sherlock Holmes ဇာတ်ကားတွေမှာ Holmes ရဲ့ သူငယ်ချင်း ဆရာဝန်စုံထောက် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျူဒ်လော ကို သိပ်မကြာခင်မှာ Captain Marvel အဖြစ်မြင်တွေ့ရတော့မှာ ပဲ ဖြစ်ပါတယ်။

Marvel စတူဒီယိုမှထုတ်လုပ်မည့် Captain Marvel ဇာတ်ကား၌ ခေါင်းဆောင်မင်းသားနေရာမှ ပါဝင်သရုပ်ဆောင်ဖို့အတွက် အင်္ဂလိပ်မင်းသားဂျူဒ်လော ကို ရုပ်ရှင် တာဝန်ရှိသူတွေက ကမ်းလှမ်းဆွေးနွေးနေတယ်လို့သိရပါတယ်။

ထိုဇာတ်ကား၌ မင်းသမီး ဘရီးလာဆင်က ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်မည်ဖြစ်ပြီး ဘန်မန်ဒယ်ဆွန်က ဗီလိန်အဖြစ်သရုပ်ဆောင်မည်ဖြစ်ကာ ဒါရိုက်တာများအဖြစ် အန်နာဘိုဒန်နှင့် ရိုယန်ဖလက်ခ်တို့က ရိုက်ကူး မည်ဖြစ်သည်။

ဂျုုဒ်လောသည် Mar-Vell ဟုလည်းလူသိများသည့် ဒေါက်တာဝေါလ်တာလော်ဆင် ဇာတ်ကောင်နေရာမှ သရုပ်ဆောင်မည်ဖြစ်ပြီး အဓိကဇာတ်ကောင် Captain Marvel တစ်ဖြစ်လဲ Danvers အား သူမ၏စွမ်းအား များကို သဘောပေါက်အောင် ညွှန်ပြပေးသူအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။

ဂျူဒ်လောသည် နာမည်ကျော် Fantastic Beasts ဇာတ်ကား၏ ဒုတိယမြောက်ဇာတ်ကားဖြစ်သော Fantastic Beasts: The Crimes of Grindelwald ၌ အဲလ်ဘတ်ဒမ်ဘယ်လ်ဒေါငယ်ဘဝနေရာမှ ပါဝင်သရုပ်ဆောင်ရန် သဘောတူညီမှုရရှိထားခဲ့သလို တတိယမြောက် Sherlock Holmes ဇာတ်ကား၌လည်း ဆက်လက်ပါဝင် သွားရန် ဆွေးနွေးလျက်ရှိသည်။ Captain Marvel ကို လာမည့် ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ပြသသွားနိုင်ရန် စီစဉ်ထားသည်။

Source - Mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။