တီရာဆေးဒန်ဒါကိုခေါ်ယူမယ့်ဂျပန်ကလပ်ကာဝါဆာကီ


ကာဝါဆာကီဖရွန့်တေးဆိုတာဂျေလိဂ်ရဲ့အသင်းကြီးတစ်သင်းပါ။လက်ရှိဂျေလိဂ်ရဲ့အဆင့်နှစ်နေရာမှာရောက်နေသလို

အာရှချန်ပီယံလိဂ်မှာလည်းနှစ်စဉ်လိုလိုကွာတားလောက်

ရောက်နေတဲ့အသင်းပါ။နောက်နှစ်ဘောလုံးရာသီအတွက်

သူတို့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီးစိတ်ဝင်စားစရာ

ကမ်းလှမ်းမှုတစိခုကိုသူတို ့ပြုလုပ်ခဲ့ပါတယ်။အဲ့တာကတော့

ထိုင်းထိပ်သီးကလပ်မြောင်တောင်တိုက်စစ်မှူးတီရာဆေး

ဒန်ဒါကိုကမ်းလှမ်းခဲ့တာပါပဲ။

ဒန်ဒါကိုမြန်မာဘောလုံးပရိသတ်တွေကောင်းကောင်း

ရင်းနှီးကြပါတယ်။မြန်မာနဲ့ထိုင်းတွေ့တိုင်းအသဲခွဲဂိုးတွေ

သွင်းနေကျကို။ဒန်ဒါဟာနယ်နယ်ရရတော့မဟုတ်ပါဘူး။

စပိန်လာလီဂါကအယ်မာရီယာကလပ်မှာသွားကစားခဲ့

ဖူးပါတယ်။စပိန်ကပြန်လာပြီးနောက်မှာတော့မြောင်တောင်

အသင်းမှာကစားခဲ့ပြီးသူ့ရဲ့သွင်းဂိုးတွေနဲ့အမှတ်ပေးချန်ပီယံ

ဆုဆွတ်ခူးစေခဲ့ပါတယ်။

ထိုင်းလိဂ်ဆိုတာနိုင်ငံခြားသားတိုက်စစ်မှူးတွေ

ကြီးစိုးတဲ့နေရာဖြစ်ပေမယ့်ဒန်ဒါကနိုင်ငံခြားသား

တိုက်စစ်မှူးတွေနဲ့တန်းတူလိုက်ပါတယ်။အာရှချန်ပီယံလိဂ်မှာလည်းဂိုးတွေသွင်းယူခဲ့ပြီး

သူ့ရဲ့အာရှချန်အီယံလိဂ်သွင်းဂိုးတွေကကာဝါဆာကီကို

သဘောကျစေခဲ့တာပါ။မြောင်တောင်အသင်းတာဝန်ရှိ

သူကဒီသတင်းကိုအတည်ပြုခဲ့ပြီးဒန်ဒါသာ

ကာဝါဆာကီသွားမယ်ဆိုရင်တော့ချန်နာတစ်နောက်

ဂျပန်ကိုသွားကစားတဲ့ဒုတိယမြောက်ကစားသမား

ဖြစ်လာမှာပါ။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။