"သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးပါ" ဆိုတဲ့ ဝိုင်း နဲ့ ခင်စန်းဝင်း

အခုရက်ပိုင်း လူမှုကွန်ယက်ပေါ်မှာ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သတ်တဲ့ သတင်းတွေ ပလူပျံနေပါတယ်။ ဖခင်အရင်းက သမီးကို မုဒိမ်းကျင့်တာတို့ အကိုဝမ်းကွဲက မုဒိမ်းကျင့်တာတို့ မူကြိုသမီးလေးကို မုဒိမ်းကျင့်သတ်ဖြတ်တာ စတဲ့ သတင်းတွေဟာ ပြည်သူလူထုကို စိတ်မကောင်းဒေါသထွက်စေပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ တရားခံတွေနောင်ကြဉ်အောင် နောက်လာနောက်သားတွေမလုပ်ဝံ့အောင် သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေးကို အပြက်းအထန် တောင်းဆိုလျက်ရှိပါတယ်။

သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သတ်လို့ အနုပညာရှင်တွေ ဖြစ်ကြတဲ့ ဒါရိုက်တာ ဝိုင်း မိတ်ကပ်ပညာရှင် မကြီးစန်းတို့ကလည်း ဒီလိုပြောပါတယ်။

ဒါရိုက်တာဝိုင်းက"အသက်ဆယ်နှစ်အောက်ကျူ းလွန်သူကိုသေဒဏ်ပေးသင့်ပါတယ်။ အသက်ဆယ့်ငါးနှစ်အောက်ဆိုရင် ထောင်ဒဏ်နှစ်နှစ်ဆယ် ၊ဆယ့်ငါးနှစ်အထက်ဆိုရင်ဆယ့်ငါးနှစ် စသဖြင့် ဥပဒေအရပြင်းပြင်းထန်ထန်အရေးယူသင့်ပါတယ်။ ဒါကြောင့် လက်ရှိဥပဒေကိုအရေးပေါ်ပြင်ဆင်ရမှာပါ" ဆိုပြီး သူရဲ့အမြင်ကို ပြောသွားတာတွေ့ရပါတယ်။

မိတ်ကပ်ခင်စန်းဝင်းကတော့ "ကလေးတွေဆိုတာက မိဘတွေပြုစုပျိုးထောင်မှုအောက်က မလွတ်သေးတဲ့အရွယ်လေးတွေပေါ့နော်။ အဲ့ဒီတော့ ပတ်ဝန်းကျင်မှာရှိတဲ့ယောကျ်ားသားတွေက အဖေလိုတစ်မျိုး ၊ အစ်ကိုလိုတစ်မျိုး စောင့်ရှောက်သင့်တာပေါ့နော်။ အဲ့လိုမျိုးမဟုတ်ပဲနဲ့ သူတို့ရဲ့ စိတ်ဆန္ဒအရ လိင်ကိစ္စအတွက် အသုံးချရမယ့်အရွယ်လည်း မဟုတ်ဘူး။ ဒါက မဖြစ်သင့်တဲ့အရာပေါ့လေ။ အဲ့ဒီတော့ မကြီးစန်းက အဲ့ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ ကျူ းလွန်သူကို ထိထိရောက်ရောက် သေဒဏ်ပေးတဲ့အထိ အပြစ်ပေးတာကို ကြိုဆိုတယ်" ဆိုပြီးပြောသွားခဲ့ပါတယ်။

ကဲ ပရိသတ်ကြီးလည်း ကိုယ့်သားသမီးလေးတွေကို သေချာစောင့်ရှောက်ပြီး သက်ငယ်မုဒိမ်းမှုတိုက်ဖျက်ရေးအတွက် နိုင်စွမ်းသလောက် ပါဝင်ကူညီစေဖို့ ဆန္ဒပြုပါရစေ………

Source: Myanmar Celebrities

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။