ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ဇာသပြင်ကျေးရွာအုပ်စု၊ ကော့လမုကျေးရွာအထက်တန်းကျောင်းခွဲတွင် အထက်တန်းအဆင့်ကျောင်းသူလေးများအားနိုဝင်ဘာလ(၆)ရက်နေ့မှစ၍သရဲပူးခံရသည့်ဖြစ်စဉ်မကြာခဏဖြစ်ပွားလျက်ရှိရာနိုဝင်ဘာလ(၁၈)ရက်နေ့ကလည်းစာသင်ဆောင်အတွင်း၌ကသရဲဝင်ပူးသည့်ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့သေးကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ဖြစ်ပွားမှုအခြေအနေများ အပေါ်စိစစ်သုံးသပ်နိုင်ရန်နှင့်လိုအပ်သည့်အကြံအဉာဏ်များ၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများပေးနိုင်ရန်နှင့်လိုအပ် သည်ကူညီမှုများဆောင်ရွက်ပေးနိုင်ရန်အတွက် ဇာသပြင်

နယ်မြေရဲစခန်းမှူးရဲအုပ်အောင်သန်းဦးစီးအဖွဲ့၊ဇာသပြင် တိုက်နယ်ဆေးရုံမှတိုက်နယ်ဆရာဝန်ဒေါက်တာအိအိသန်းနှင့် ကျန်မာရေးဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးဦးရွှေဌေးနှင့်အဖွဲ့

ဝင်များမှ နိုဝင်ဘာလ(၁၈)ရက်နေ့၊နံနက်(၁၀)နာရီအချိန်တွင် အဆိုပါကျောင်းသို့သွားရောက်၍ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မြနှင့်တွေ့ဆုံခဲ့ပြီးဖြစ်စဉ်အခြေအနေအားမေးမြန်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆရာမကြီးပြောပြချက်အယခုကဲ့သို့မကြာခဏသရဲပူးခြင်း ဖြစ်နေသည်မှာနိုဘာ(၆)ရက်နေ့ကတည်းကစတင်၍ဖြစ်ပွားလျက်ရှိကြောင်း၊သရဲပူးကပ်ခြင်းခံခဲ့ရသည့်ကျောင်းသူများမှာ နဝမတန်းကျောင်းသူများဖြစ်သောမိခိုင်သဇင်အောင်၊ မိအနန္ဒာအောင်၊မိခိုင်သဇင်စိုး၊မိအိအိခိုင်၊မိသွယ်သွယ်ဇော်၊

မိမိုးဇင်ဝင်း၊မိခိုင်စိုးကြည်၊မိခိုင်မော်ဦး၊မိအိန္ဒြေစံတို့(၉)ဦးအထိ ရှိခဲ့ပြီးဖြစ်ကာယနေ့နံနက်ပိုင်းတွင်လည်းစွယ်တော်အဆောင်မှဒသမတန်းကျောင်းသူမိဇာခြည်ဦး၊၁ရနှစ်၊ကော့လမုကျေးရွာနေသူကိုလည်းသရဲပူးကပ်သည့်ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့သဖြင့်ဆရာမများမှပရိတ်ရွှတ်ဖတ်ခြင်း၊တရားစာများရွတ်ပေးခြင်း၊ရေမန်းများတိုက်ပေးခြင်းတို့ဆောင်ရွက်ခဲ့၍သက်သာခဲ့သည်ဟုရှင်းပြခဲ့သည်။

ထိုဖြစ်စဉ်များနှင့်ပတ်သက်၍ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်နေစဉ်အချိန်၌ပင် မတန်းကျောင်းသူတစ်ဦး ဖြစ်သောမိဇာခြည်ဦး(၁၇)နှစ်၊ကော့လမုကျေးရွာနေသူကိုလည်း သရဲပူးကပ်နေသည်ဆို၍သွားရောက်ကြည့်ရှု့ရာတွင်အဆိုပါကျောင်းသူမှာစာရေးစားပွဲတွင်မှောက်လျက်အနေအထားဖြင့် တွေ့ရှိပြီးကျန်းမာရေးအဖွဲ့များမှပြုစုပေးခဲ့သည့်အတွက်ပြန်လည်သက်သွားခဲ့ကြောင်းသိရသည်။

ဒေါက်တာအိအိသန်းနှင့်ဇာသပြင်စခန်းမှူးရဲအုပ်အောင်းတို့မှ သရဲပူးခြင်းခံခဲ့ရသည့်ကျောင်းသူ လေးများအားတွေ့ဆုံကာ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများပြုလုပ်ပေးခြင်း၊ကျန်းမာရေးဆိုင်ရာအသိပညာများရှင်းလင်း ပြောကြာခြင်းတို့အပြင်ဆရာမကြီးဒေါ်တင်မြကိုလည်းသင်ကြားမှုအပိုင်းနှင့်ပတ်သက်၍ကျန်းမာရေးရှုထောင့်အရကျောင်းသား ကျောင်းသူများစိတ်ဖိစီးမှုမဖြစ်စေရန်နှင့် စိတ်အပြောင်းအလဲ ဖြစ်စေရန် အားကစားချိန်၊စိုက်ပျိုးရေးအချိန်၊ဖွံ့ဖြိုးရေးအချိန် တို့ထည့်သွင်းသင်ကြားစေလိုကြောင်းဆွေးနွေးခဲ့ပြီးကျန်းမာရေးဆိုင်ရာကူညီမှုများလိုအပ်ပါကကူညီပေးမည်ဖြစ်ကြောင်းမှာကြားခဲ့သည်ဟုသိရသည်။

ကော့လမုစာသင်ကျောင်းတွင်ကျောင်းဆောင်(၄)ဆောင်ရှိပြီးမူလတန်းအဆင့်သူငယ်တန်းမှအထင်တန်းအဆင့်ဒဿမတန်းအထိကျောင်းသားကျောင်းသူ(၃၀၀)ကျော်ပညာသင်ကြား လျက်ရှိပြီးအထက်တန်းအဆင့်နဝမတန်းတွင်ကျောင်းသား (၉)ဦး၊ကျောင်းသူ(၁၂)ဦး၊ဒဿ မတန်းတွင်ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၁၃)ဦးရှိ၍သင်ကြားမှုတွင်ဆရာ/မ(၂၀)ကျော်ဖြင့်သင်ကြားလျက်ရှိသည်ဟုကျေးရွာရှိကျောင်းသားမိဘ တစ်ဦးထံမှသိရသည်။

သရဲပူးကပ်ခံရမှုမှာ(၉)တန်းကျောင်းသူ(၉)ဦးနှင့်(၁၀)တန်းကျောင်းသူ(၂)ဦး၊စုစုပေါင်း(၁၁)ရှိသွားပြီဟုဆရာမကြီးနှင့် တွေ့ဆုံဆွေးနွေးမှုတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ကော့လမုကျေးရွာသည်အထက်တန်းကျောင်းခွဲဖြစ်ပြီးဇာသပြင် ကျေးရွာ၏အရှေ့တောင်ဘက်(၆)မိုင်ခန့်အကွာတွင်ရှိသည်ဟုသိရသည်။

မင်းသူ (ဘားအံ)..​ကျော်​သက်​​ထွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။