ကားပေါ်မှာ black box တပ်ကြပါ။ ကျွန်တော်တို့မနေ့ညကကိုယ်တိုင်ကြုံခံတာပါ ။ကျွန်တော်တို့သူငယ်ချင်းလေးယောက်မနေ့ညရနာရီကျော်လောက်မှာလမ်း ၃ဝကျော်ဘက်ကိုညစာစားဖို့အသွားဖုန်းကြီလမ်းနဲ့လမ်းမတော်ကြားညောင်ပင်လေးစျေးရှေ့နားမှာကျွန်တော်တို့ကားကလူကိုတိုက်တယ်ဆိုပြီးလုပ်စားတာပါ။

အရင်တုန်် ကfacebook ပေါ်မှာဒါမျီုးတွေလုပ်စားတယ်လို့ကြားဘူးပေမယ်ကိုယ်တိုင်ကြုံတော့တော်တော်ကျောချမ်းသွားတယ်။ video မှာမြင်တဲ့အတိုင်းကျွန်တော်တို့ကားကမ်းနားလမ်းအတိုင်းမောင်းနေတာလူနှစ်ယောက်လမ်းမပေါ်ကလမ်းလျှောက်လာလို့ရှောင်မောင်းတာကိုဘယ်ဘက်ချမ်းကအင်ကျီအပြာဝတ်ထားတဲ့လူကပြေးပြီးကားဘက်မှန်ကိုလက်နဲ့တိုက်ပါတယ် ဒုန်းဆိုတဲ့အသံကြားတော့ကျွန်တော်သူငယ်ချင်းကကားကိုလမ်းဘေးကိုကပ်တော့အရပ်ရှည်ရှည်နဲ့လူတစ်ယောက်ကားကိုပိတ်ပြီးတားတယ်။

ပြီးတော့ဒရိုင်ဘာဘက်အခြမ်းကတခါးမှန်ကိုအတင်းချခိုင်းတယ် ကျွန်တော်သူငယ်ချင်းကမှန်ကိုစကားပြောလို့ရသလောက်ချပြီး "ကျွန်တော်တို့သက်ဆိုင်ရာကိုအကြောင်းကြားပြီးသူတို့ရောက်လာရင်းရှင်းပေးမယ်"လို့ပြောတာကိုအဲ့လူကမကြားချင်ယောငါဆောင်ပြီးမှန်ကိုအတင်းချခိုင်းတယ်ကားပေါ်ကအတင်းဆင်းပြီးရှင်းခိုင်ပါတယ်။

ကျွန်တော်တို့လည်းကားပေါ်မှာဘဲမဆင်းဘဲ၁၉၉ဆက်ပြီးရဲလာတာဘဲထိုင်စောင့်နေတဲ့အချိန်ပုံမှာတွေ့တဲ့အတိုင်းအဖြူရောင်အကျီဝတ်ထားတဲ့လူကအတိုက်ခံရတယ်ဆိုပြီးကားနားရောက်လားပြီးကားပေါ်ကဆင်းပြီးရှင်းခိုင်းတယ်။video ကိုသေချာကြည်ပါကားကိုလက်နဲ့ဖျက်ရိုက်တုန်းကအပြာရောင်အကျီနဲ့လူပါအနားရောက်လာတော့အဖြူရောင်အကျီနဲ့လူဖြစါနေတယ်။ကျွန်တော်သူငယ်ချင်းလဲ့အရှေကလူကိုပြောသိုဘဲပြန်ပြောပြီးကားမှန်ကိုပြန်ပိတ်ပြီးနေလိုက်ပါတယ်။

အဲ့လိုရဲကိုစောင့်နေတဲ့အချိန်အတွင်းမှာဘဲကားမှန်ကိုတချိန်လုံးလာခေါက်ပါတယ် မရတော့ကားမှန်ကိုလက်နဲ့ထုပါတယ် ပြီးတေားကားကိုရိုက်ခွဲမယ်လို့လဲခြိမ်းခြောက်ပါတယ် လူကတော့ငါးယောက်လောက်ရှိမယ်ထင်ပါတယ်ကားကိုဝိုငး်ပြီးပိတ်ရပ်ထားပါတယ်။ကျွန်တော်တို့ကရဲကိုဖုန်းဆကလညး်တိုင်ကားပေါ်ကလည်းမဆင်းတာမြင်တော့တစ်ယောက်ပြီးတစ်ယောက်ပြောက်ကုန်ပါတယ်။နောက်ဆုံးတော့အဲ့ဒီတိုက်ခံရတယ်ဆိုတဲ့လူနဲ့အပြာရောင်လက်ရှည်ဝတ်ထားတဲ့နှစ်ယောက်ဘဲကျန်တောပြီးသူတို့လည်းtaxi ဌားပြီးပြေးဖို့ပြင်တယ်။

ကျွန်တော်သူငယ်ချင်းတွေကလည်းtaxiသမားကိုအဲ့လူတွေကလူလိမ်အကိုခေါ်သွားရင်အကိုပါအမှုပတ်မယ်လို့ပြောလိုက်တော့taxiသမားလည်းပြန်ချပြီးထွက်သားပါတယ်။အဲ့အချိန်မှာဘဲရဲတွေရောက်လာတော့အပြာရောင်ဝတ်ထာူတဲ့တစ်ယောက်ပါထွက်ပြေးသွားပါတယ်။နောက်ဆုံးတိုက်ခံရတယ်ဆိုတဲ့တစ်ယောက်ဘဲဖမ်မိတယ်။

လာဖမ်းတဲ့ရဲအရာရှိကပြောတော့အဲ့ကာင်တွှေကအုပ်စုနဲ့လပ်စားနေကြ ဖမ်းမိတဲ့ကောင်ကဒလဘက်မှာခြေချုပ်နဲ့မပြည်သေးဘူးအခုထပ်လုပ်စားနေတယ်။ကျွန်တော်တို့လည်းအဲ့ဒါနဲ့လမ်မတော်ရဲစခန်းမှာဘဲအမှုဖွင်ခဲ့ပြီးနောက်အလုပ်ခံရတဲ့လူတွှေအတွက်လည်းသက်သေရအောင် Black box ထဲက video တွေနဲ့ ရိုက်ထားတဲ့ဓာက်ပုံတွေကိုရဲစခန်းမှာပေးခဲ့ပါတယ်။

ဖြစ်တုန်းကကျွန်တော်တို့ကားပေါ်မှာယောက်ကျားလေးယောက်ပါပါတယ်ပြီးတော့မြိုလယ်မှာပါအချိန်လည်းစောပါသေးတယ် ရဲကလည်း၁ဝမိနစ်အတွင်းရောက်လာပါတယ်။အဲ့ဒါတောင်လေးယောက်လုံးတော်တော်လေးပလပ်ကျွတ်သွားပါတယ်။ တကယ်လို့လူပြတ်တဲ့နေရာမှာယောက်ကျားလေး(သို့)မိန်းကလေူတစ်ယောက်တည်းဆိုရင်တော်တော်ဒုက္ခရောက်မှာပါ။တကယ်လို့ဖြစ်ခဲ့လို့ရှိရင်ကားပေါ်ကလုံးဝမဆင်းပါနဲ့ကားမှန်တွေလုံးဝမချပါနဲ့ဂျက်ကိုသာချပြီးရဲကိုသာဖုနး်ဆက်လိုက်ပါ(199, 2323199)နေရာကိုအတိအကျပြောပြပါ။

ကားမှန်ကိုခွဲဖို့ပြင်တာတို့ကားကိုရိုက်ဖို့ပြင်တာတို့လုပ်ရင်အရှေ့ဘက်လုံချုံတဲ့နေရာကိုမောင်းထွက်ပြီးရဲဆီဖုန်းထက်ဆက်အကျိုးအကြောင်ပြောပြလိုက်ပါ။ကိုယ့်လုံခြံုံရေးကအရေးကြီးဆုံပါ ရဲတွေရောက်လာမှပြန်သွားလို့ရပါတယ်။နောက်ဆုံးကားပေါ်မှာblack box တပ်ကြပါတကယ်ဖြစ်ရင်တော်တော်အသုံးဝင်ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။