ကော့လမုကျေးရွာ(အထက-ခွဲ)မှကျောင်းသူ(၁၁)ဦးအား

သရဲပူးကပ်ခံရသည့်ဖြစ်စဉ်တစ်ခု ဘားအံမြို့နယ်တွင်ဖြစ်ပွား

ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ဇာသပြင်ကျေးရွာအုပ်စု၊

ကော့လမုကျေးရွာအထက်တန်းကျောင်းခွဲတွင် အထက်တန်းအဆင့်ကျောင်းသူလေးများအားနိုဝင်ဘာလ(၆)ရက်နေ့မှစ၍သရဲပူးခံရသည့်ဖြစ်စဉ်မကြာခဏဖြစ်ပွားလျက်ရှိရာနိုဝင်ဘာလ(၁၈)ရက်နေ့

ကလည်းစာသင်ဆောင်အတွင်း၌ကသရဲဝင်ပူးသည့်ဖြစ်စဉ်

ထပ်မံဖြစ်ပွားခဲ့သေးကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ဖြစ်ပွားမှုအခြေအနေများ

အပေါ်စိစစ်သုံးသပ်နိုင်ရန်နှင့်လိုအပ်သည့်အကြံအဉာဏ်များ၊

ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများပေးနိုင်ရန်နှင့်လိုအပ်

သည်ကူညီမှုများဆောင်ရွက်ပေးနိုင်ရန်အတွက် ဇာသပြင်

နယ်မြေရဲစခန်းမှူးရဲအုပ်အောင်သန်းဦးစီးအဖွဲ့၊ဇာသပြင်

တိုက်နယ်ဆေးရုံမှတိုက်နယ်ဆရာဝန်ဒေါက်တာအိအိသန်းနှင့်

ကျန်မာရေးဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးဦးရွှေဌေးနှင့်အဖွဲ့

ဝင်များမှ နိုဝင်ဘာလ(၁၈)ရက်နေ့၊နံနက်(၁၀)နာရီအချိန်တွင်

အဆိုပါကျောင်းသို့သွားရောက်၍ကျောင်းအုပ်ဆရာမကြီး

ဒေါ်တင်မြနှင့်တွေ့ဆုံခဲ့ပြီးဖြစ်စဉ်အခြေအနေအားမေးမြန်း

ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆရာမကြီးပြောပြချက်အယခုကဲ့သို့မကြာခဏသရဲပူးခြင်း

ဖြစ်နေသည်မှာနိုဘာ(၆)ရက်နေ့ကတည်းကစတင်၍ဖြစ်

ပွားလျက်ရှိကြောင်း၊သရဲပူးကပ်ခြင်းခံခဲ့ရသည့်ကျောင်းသူများမှာ

နဝမတန်းကျောင်းသူများဖြစ်သောမိခိုင်သဇင်အောင်၊

မိအနန္ဒာအောင်၊မိခိုင်သဇင်စိုး၊မိအိအိခိုင်၊မိသွယ်သွယ်ဇော်၊

မိမိုးဇင်ဝင်း၊မိခိုင်စိုးကြည်၊မိခိုင်မော်ဦး၊မိအိန္ဒြေစံတို့(၉)ဦးအထိ

ရှိခဲ့ပြီးဖြစ်ကာယနေ့နံနက်ပိုင်းတွင်လည်းစွယ်တော်အဆောင်မှ

ဒသမတန်းကျောင်းသူမိဇာခြည်ဦး၊၁ရနှစ်၊ကော့လမုကျေးရွာနေသူကိုလည်းသရဲပူးကပ်သည့်ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့သဖြင့်ဆရာမ

များမှပရိတ်ရွှတ်ဖတ်ခြင်း၊တရားစာများရွတ်ပေးခြင်း၊ရေမန်းများ

တိုက်ပေးခြင်းတို့ဆောင်ရွက်ခဲ့၍သက်သာခဲ့သည်ဟုရှင်းပြခဲ့သည်။

ထိုဖြစ်စဉ်များနှင့်ပတ်သက်၍ဆွေးနွေးပြောကြားခြင်းများ

ဆောင်ရွက်နေစဉ်အချိန်၌ပင်ဒဿ မတန်းကျောင်းသူတစ်ဦး

ဖြစ်သောမိဇာခြည်ဦး(၁၇)နှစ်၊ကော့လမုကျေးရွာနေသူကိုလည်း သရဲပူးကပ်နေသည်ဆို၍သွားရောက်ကြည့်ရှု့ရာတွင်အဆိုပါကျောင်းသူမှာစာရေးစားပွဲတွင်မှောက်လျက်အနေအထားဖြင့်

တွေ့ရှိပြီးကျန်းမာရေးအဖွဲ့များမှပြုစုပေးခဲ့သည့်အတွက်ပြန်လည်

သက်သွားခဲ့ကြောင်းသိရသည်။

ဒေါက်တာအိအိသန်းနှင့်ဇာသပြင်စခန်းမှူးရဲအုပ်အောင်းတို့မှ

သရဲပူးခြင်းခံခဲ့ရသည့်ကျောင်းသူ

လေးများအားတွေ့ဆုံကာ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု

များပြုလုပ်ပေးခြင်း၊ကျန်းမာရေးဆိုင်ရာအသိပညာများရှင်းလင်း

ပြောကြာခြင်းတို့အပြင်ဆရာမကြီးဒေါ်တင်မြကိုလည်းသင်ကြား

မှုအပိုင်းနှင့်ပတ်သက်၍ကျန်းမာရေးရှုထောင့်အရကျောင်းသား

ကျောင်းသူများစိတ်ဖိစီးမှုမဖြစ်စေရန်နှင့် စိတ်အပြောင်းအလဲ

ဖြစ်စေရန် အားကစားချိန်၊စိုက်ပျိုးရေးအချိန်၊ဖွံ့ဖြိုးရေးအချိန်

တို့ထည့်သွင်းသင်ကြားစေလိုကြောင်းဆွေးနွေးခဲ့ပြီး

ကျန်းမာရေးဆိုင်ရာကူညီမှုများလိုအပ်ပါကကူညီပေးမည်ဖြစ်

ကြောင်းမှာကြားခဲ့သည်ဟုသိရသည်။

ကော့လမုစာသင်ကျောင်းတွင်ကျောင်းဆောင်(၄)ဆောင်ရှိပြီး

မူလတန်းအဆင့်သူငယ်တန်းမှအထင်တန်းအဆင့်ဒဿ မတန်း

အထိကျောင်းသားကျောင်းသူ(၃၀၀)ကျော်ပညာသင်ကြား

လျက်ရှိပြီးအထက်တန်းအဆင့်နဝမတန်းတွင်ကျောင်းသား

(၉)ဦး၊ကျောင်းသူ(၁၂)ဦး၊ဒဿ မတန်းတွင်ကျောင်းသား(၅)ဦး၊

ကျောင်းသူ(၁၃)ဦးရှိ၍သင်ကြားမှုတွင်ဆရာ/မ(၂၀)ကျော်

ဖြင့်သင်ကြားလျက်ရှိသည်ဟုကျေးရွာရှိကျောင်းသားမိဘ

တစ်ဦးထံမှသိရသည်။

သရဲပူးကပ်ခံရမှုမှာ(၉)တန်းကျောင်းသူ(၉)ဦးနှင့်(၁၀)တန်းကျောင်းသူ(၂)ဦး၊စုစုပေါင်း(၁၁)ရှိသွားပြီဟုဆရာမကြီးနှင့်

တွေ့ဆုံဆွေးနွေးမှုတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကော့လမုကျေးရွာသည်အထက်တန်းကျောင်းခွဲဖြစ်ပြီးဇာသပြင်

ကျေးရွာ၏အရှေ့တောင်ဘက်(၆)မိုင်ခန့်အကွာတွင်ရှိသည်ဟု

သိရသည်။

Credit- မင်းသူ (ဘားအံ)..​ကျော်​သက်​​ထွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။