မြန်မာ့လက်ဝှေ့ပညာကို မျက်မှောက်ခေတ်တွင် ပြည်တွင်းတွင်သာမက ပြည်ပများတွင်လည်း စတင်ကစားလေ့ရှိနေပါတယ်။ မြန်မာ့လူမျိုးတိုင်း မြန်မာ့လက်ဝှေ့ကို ချစ်မြတ်နိုးကြပါတယ်။ မြန်မာ ရိုးရာလက်ဝှေ့တွင် နည်းလမ်းများနှင့် စည်းစနစ်များစွာ ရှိပါတယ်။ ၄င်းတို့မှ လက်ဝှေ့ မထိုးသတ်ပြသရသော ရိုးရာလက်ဟန်ခြေဟန်နှင့် ထိုးသက်နည်း အချို့ကို ပြောပြပေးလိုက်ပါတယ်။

မြန်မာ့လက်ဝှေ့တွင် မထိုးသတ်မိ ဟန်ရေးပြလေ့ရှိသည် ထိုဟန်ရေးတွင် နှစ်မျိုးရှိပါတယ်

(၁) လက်ခမောင်း

လက်ခမောင်းဆိုသည်မှာ ရဲစွမ်းသတ္တိနှင့် ရိုသေလေးစားမှုနှင့်အတူ ၄င်းတို့၏ပြိုင်ဘက်ကို စိန်ခေါ်ဖို့ ရိုးရာဟန်ရေးပြဖျော်ဖြေနည်းဖြစ်ပါတယ်။ လက်ခမောင်း ရာတွင် လက်ဝဲလက်မောင်းကွေးနေချိန်မှာ ဖွဲ့စည်းထားသော တြိဂံ ပုံသဏ္ဍာန်အပေါက်မှာ လက်ယာဘက်နှင့်အတူ ၃ကြိမ် ပုတ်ခြင်းဖြင့်ပြုလုပ်သော အမှုအယာဖြစ်ပါတယ်။ အဆိုပါလက်ခမောင်းသည် ရေကျော်ရဲ့အစမှာပြုသော အမှုနှင့် တိုက်ခိုက်နေစဉ်ကိုလည်း လုပ်ဆောင်နိုင်ပါတယ်။လက်ဝှေ့ ရေကျော်တစ်ဦးသည် တိုက်ပွဲမတိုက်မီနှင့် တိုက်ပွဲအပြီးတွင် အောင်ပွဲကခုန်ခြင်းအဖြစ် ပြုလုပ်ကြသည်။

(၂)ထိုးသတ်နည်းများ

ထိုးသတ်နည်းများတွင် (တံတောင်ဆစ် သပိတ်၊ ကန်၊ ဒူးနှင့်တံတောင်ဆစ် သပိတ်၊ ခုန်ဒူးနှင့်တံတောင်ဆစ်၊ နောက်ကျောချိတ်ကန်၊ ဒူးနှင့်လက်တွဲ ) စသည့် နည်းပညာများ တွေ့ရပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ချစ်ပရိသတ်များ အတွက် မြန်မာ့ရိုးရာလက်ဝှေ့နည်းပညာ အချို့နဲ့ တိုက်ခိုက်ပုံနည်းဟန်များကို ဓာက်ပုံများနှင့်အတူ မျှဝေလိုက်ပါတယ်။

Source- MB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။