နှစ်ပေါင်းနှစ်ထောင်အတွင်းမှာ နာဆာဟာ ရာသီခွင်အသစ်တွေကို ပြီးခဲတဲ့ ရက်အနည်းငယ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရာသီခွင်အသစ်မှာဆိုရင် Ophichusဆိုတဲ့ ရာသီခွင်အသစ်ပါဝင်လာပြီး ဒီထုတ်ပြန်ချက်ကြောင့် လူအမြောက်အမြားဟာ တအံတသြဖြစ်ခဲ့ရပါတယ်။ ဗေဒင်ဆရာတွေဟောခဲ့တဲ့အတိုင်း မွေးကတည်းကသိခဲ့တဲ့ ကိုယ့်ရာသီခွင်ဟာ တစ်ကယ်တော့အမှန်မဟုတ်ဘူးဆိုတာကို တစ်ကမ္ဘာလုံးကလူတွေသိပြီး အုတ်အော်သောင်းနင်းဖြစ်ကုန်ပါတယ်။

အချို့လူတွေရဲ့ရာသီခွင်တွေသာပြောင်းလဲပီး အချို့ကတော့ ပြောင်းလဲခြင်းမရှိဘူးလို့ဆိုပါတယ်။ တကယ်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်လောက်က ရှေးနက္ခတ်ပညာရှင်တွေဟာ သိဟ်၊ ကန်၊ မေထုံ၊ ဗြိစ္စာ အစရှိတဲ့ ၁၂ရာသီခွင်လို့ သတ်မှတ်ပြီးနောက်ပိုင်း ကမ္ဘာနဲ့နေအကြား၊ လအပါအဝင် ကြယ်အစုအဝေးတစ်ချို့ နေရာရွေ့ပြောင်းမှုဖြစ်ပေါ်ခဲ့ပါတယ်။ အဲကတည်းကလူတွေဟာ မသိကြတော့ဘဲ နဂိုပညာရှင်တွေသတ်မှတ်ထားတဲ့ရာသီကိုသာ အမှန်လို့ယူဆပြီး နေထိုင်ခဲ့ကြတာပါ။

ယခုအခါ နာဆာကနေ တကယ်ပြောင်းလဲသွားခဲ့တဲ့ ရာသီခွင်တွေကိုမိတ်ဆက်ပေးခဲ့ပြီး ဘယ်ရက်မှာမွေးဖွားရင် ဘယ်ရာသီခွင်ဆိုပြီး အသစ်ထွက်ရှိလာပါတော့တယ်။

ရာသီခွင်အသစ်ကတော့ အောက်မှာဖော်ပြထားပါတယ်။

Saittarius (Dec 18 - Jan 18)

Capricornus (Jan 19 - Feb 15)

Acquarius (Feb 16 - Mar 11)

Pisces ( Mar 12 - Apr 18)

Aries ( Apr 19 - May 13)

Taurus (May 14 - Jun 19)

Gemini (Jun 20 _ Jul 20)

Cancer (Jul 21 - Aug 9)

Leo (Aug 10 - Sep 15)

Virgo ( Sep 16 - Oct 30)

Libra (Oct 31 - Nov 22)

Scorpius (Npv 23 - Nov 29)

Ophichus (Nov 30 - Dec 17)

ဒီနေရာမှာ ၁၂ရာသီခွင်မဟုတ်ဘဲ ၁၃ရာသီခွင်ဖြစ်သွားပါပြီ။ အသစ်တိုးလာတဲ့ Ophichus ရာသီခွင်သင်္ကေတကတော့ လူတစ်ယောက် မြွေတစ်ကောင်ကို ခါးလယ်ကနေကိုင်ထားတဲ့ပုံပဲ ဲဖြစ်ပါတယ်။ ဒီသင်္ကေတဟာ ဂရိဒဏ္ဏာရီမှာဆိုရင် နတ်ဘုရားအပိုလိုရဲ့သားတော် Asclepius ကိုရည်ညွှန်းတာဖြစ်ပြီး Asclepiusဟာ ဆေးကုသရာမှာထူးချွန်သလို သေရာကနေရှင်အောင်ပြန်လုပ်ပေးနိုင်သူပါတဲ့။ အခြားသော အီဂျစ်နဲ့ ဆူမေးရီးယား၊ ခရစ်ယာန်သမ္မာကျမ်းစာတွေမှာတော့ ဒီ Ophichus သင်္ကေတကို အမျိုးမျိုး အဓိပ္ပါယ်​ဖွင့်ဆိုကြပါတယ်၊ 

အကယ်၍သင်ဟာ နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၁ရအတွင်းမွေးဖွားသူဆိုရင် သင်ဟာ Ophichusတစ်ယောက်ဖြစ်ပြီး သင့်မှာ ဒီပင်ကိုယ်စရိုက်တွေရှိနေမှာပါ။

- သင်ဟာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူဖြစ်ပါတယ်။

- သင်ဟာ စိတ်ထားနူးညံ့ပြီး တီထွင်ကြံဆတတ်သူလဲ ဖြစ်ပါတယ်။

- သင်ဟာ အမြဲတစေ ပိုပြီးမြင့်မား နက်နဲတဲ့ပညာတွေသင်ယူချင်သူတစ်ဦးပါ။

- သင့်ရဲ့မိသားစုထဲနဲ့ အခြားသောလူမှုအဖွဲ့အစည်းတွေမှာ သင်မသိတဲ့ ရန်သူတွေရှိနေတတ်ပါတယ်။

- သင်ဟာ အောင်မြင်မှုကြီးကြီးမားမားရတတ်သူပါ။

- သင်ဟာ တောက်တောက်ပြောင်ပြောင် အဆင်ဆန်းတွေ ဝတ်ဆင်တတ်သူပါ။

- သင်ဟာ ကံကောင်းတတ်ပြီး သင့်နဲ့အနီးမှာရှိတဲ့သူတွေကိုလဲ ကံကောင်းစေတတ်သူပါ။

Source : inspireactachieve

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။