အိုလံပစ်ကို ပါဝင်ယှဉ်ပြိုင်တဲ့ နေရာမှာ လူသိများပြီး ပါဝင်ခွင့်ရထားတဲ့ နိုင်ငံပေါင်း ၂၀၄ နိုင်ငံရှိပါတယ်။ ဒါပေမယ့် အောက်တွင် ဖော်ပြထားသော နိုင်ငံ တွေ ထဲ မှာ တစ်နိုင်ငံမှ ဆုတံဆိပ် ရတယ် လို့ မကြားဘူးပါဘူးလို့ ၄၂၅ သန်းကျော်တဲ့ ကမ႓ာတစ်ဝန်း မှာရှိတဲ့သူတွေကပြောနိုင်ပါတယ်တဲ့။

(၁၀) ကမ်ဘောဒီးယား (လူဦးရေ- ၁၄,၇၀၁,၇၁၇)

အရှေ့ တောင်အာရှ မှာရှိတဲ့ ကမ်ဘောဒီးယား နိုင်ငံဟာ နွေရာသီမှာ ကျင်းပခဲ့ တဲ့ အိုလံပစ် ကစားပွဲတွေ မှာ လူတွေရဲ့ အာရုံစိုက် ခြင်းကို ခံခဲ့ ရသော် လည်း ယခုအချိန်ထိ ဆုတံဆိပ် စွတ်ခူး နိုင်ခြင်း မရှိသေးပါ။ သူတို့ ကတော့ အိုလံပစ်ကို ၁၉၅၆ ကတည်းက ပါဝင်ဆင်နွှဲခဲ့တာပါ။

(၉) မောလဝီ (လူဦးရေ - ၁၅,၈၇၉,၂၅၂)

မော်လဝီနိုင်ငံက ပေကျင်းမှာကျင်းပ ခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲ တုန်း က ရေးကူးသမားဖြစ်တဲ့ ချာတွန် က မီတာ ၅၀ ရေကူးပြိုင်ပွဲ တုန်း က နိုင်ခဲ့ တယ့်အတွက် ဆုတံဆိပ် ကို မျှော်မှန်းခဲ့ သော်လဲ မီတာ အပြည့် ပြိုင်တဲ့နေရာမှာ တော့ ရှုံးနိမ့်ခဲ့ သောကြောင့် ဆုမရရှိခဲ့ပါ။


(၈) ဘာကီနာ ဖာဆို (လူဦးေရ - ၁၆,၇၅၁,၄၅၅)

၁၉၇၂ ခုနှစ်မှာစတင် ပါဝင်ခဲ့ပြီး၊ ၁၉၈၈ ခုနှစ်မှာ ပြန်လဲ နိုးထလာတဲ့ ဘာကီနာ ဖာဆို ဟာ ကိုယ်စားလယ် တွေကို အိုလံပစ် ကစားပွဲ ခုနစ်ခုတိတိစေလွှတ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ထိုနိုင်ငံ ရဲ့ အပြေးသမားဖြစ်တဲ့ အစ်စတာ ကတော့ အမျိုးသမီး မီတာ၄၀၀ ပွဲ မှာ စီမီးဖိုင်နယ် အထိပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ သော်လဲ ရှုံးနိမ့်ခဲ့ပါတယ်။

(၇) အန္ဂိုလာ (လူဦးေရ - ၁၈,၄၉၈,၀၀၀)

အာဖရိက တိုက်တွင်ပါဝင်သော အန်ဂိုလာ နိုင်ငံ ကလဲ ဘက်စကတ်ဘောနဲ့ ဟန်းဘော မှာ နာမည်ကြီး ခဲ့ သော်လည်း ယခုထိ ဆုတံဆိပ်မရရှိသေးပါ။


(၆) မဒါကာစကာ (လူဦးေရ - ၂၁,၉၂၆,၂၂၁)

မဒါကာစကာ နိုင်ငံ ကတော့ အိုလံပစ်ပြိုင်ပွဲ တွေမှာ ဆယ်ကြိမ် ထက်မနည်း ဆုရဖို့ ပါဝင် ယှဉ်ပြိုင်ခဲ့သော် လည်း ယခုအချိန်ထိ ကြိုးစားနေဆဲ ပဲ ဖြစ်ပါတယ်။


(၅) ရယ်မန် (လူဦးရေ - ၂၄,၁၃၃,၄၉၂)

အိုလံပစ် ပွဲတွေ ကို ၁၉၈၄ ထဲ ကပါဝင် ယှဉ်ပြိုင် လာခဲ့ သော်လည်း ယခုအချိန် ထိ ဆုရဖို့ ကွာဝေး ဆဲဖြစ်ပါတယ်။

(၄) နီပေါ (လူဦးရေ - ၂၉,၃၉၁,၈၈၃)

နီပေါနိုင်ငံ သည် ဆောင်းရာသီရော နွေရာသီမှာ ကျင်းပ တဲ့ အိုလံပစ်ပွဲစဉ်တွေမှာ ဆုတံဆိပ် မရသေးတဲ့ နိုင်ငံ တစ်ခု ဖြစ်ပါတယ်။ နီပေါလူမျိုး တွေ တော်တော်များများ က သူတို့နိုင်ငံ က ကြေးတံဆိပ် တစ်ခု ရဘူး ပါတယ်လို့ ပြောပေမယ့် လဲ သူတို့ ရခဲ့ တဲ့ ဆုတံဆိပ်က တကယ့် ပွဲအစစ် မဟုတ်ခဲ့ပါ။

(၃) မြန်မာ (လူဦးရေ - ၅၃,၉၉၉,၈၀၄)

မြန်မာနိုင်ငံ ဟာ အိုလံပစ်ကို ၁၉၉၂ ခုနှစ်တုန်း ကစတင်ပါဝင်ခဲ့ ပြီး နှစ်၄ဝကျော်ကျော် ထိ နိုင်ငံ အလံကို သာ ဝေ့ရမ်းရုံမှတပါး အိုလံပစ်တွင် ဆုတံဆိပ်ရရန် မမြင်သေးပါ။

(၂) ဒီမိုကရက်တစ် ရီပတ်ပလစ် ကွန်ခို (လူဦးရေ - ၇၁,၇၁၂,၈၆၇)

နွေရာသီမှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲ ကို (၈)ကြိမ် တိတိပါဝင်ခဲ့ပြီး ပြိုင်ပွဲဝင် ၆ဝကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ သော်လည်း track ပြိုင်ပွဲမှ လွဲ၍ ကျန်တဲ့အမျိုးအစားတွေ မှာသူတို့ စွမ်းဆောင်နိုင်ခြင်းမရှိကြပါ။

(၁) ဘင်္ဂလားဒေ့ခ်ျ (လူဦးရေ - ၁၅၈,၅၇၀,၅၃၅)

၁၉၈၄တွင်ပထမဦး ဆုံးအကြိမ် အနေနဲ့ အိုလံပစ်ပွဲ ကိုပါဝင်ခဲ့သော်လည်း အိုလံပစ်ဆုတံဆိပ် မရရှိသေးတဲ့ လူဦးရေထူထပ်သော နိုင်ငံတွေထဲ မှာ နံပါတ်တစ် အနေနဲ့ ရပ်တည်နေပါတယ်။

translated by Anna

Source: buzzfeed

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။