ရေအသက်တစ်မနက်ဆိုတဲ့ စကားအတိုင်း ရေဟာလူတွေရဲ့ ကျန်းမာရေးအတွက်ရော လှပမှုအတွက်ရော အရမ်းကိုအရေးကြီးပါတယ်။ ရေသောက်နည်းမှန်ကန်မှုက သင့်ရဲ့ကျန်းမာရေးကို ကြီးစွာ အထောက်အကူပြုပာတယ်။

လူတစ်ယာက်ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၇၀ %ပါဝင်ဖွဲ့စည်းထားပြီး သွေးထဲမှာရေဓာတ် ၉၀% ပါဝင်နေတယ်ဆိုတာ သင်သိပါသလား။ဒီလိုရေဓာတ်တွေများစွာ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်ရဲ့ အဓိက အစိတ်အပိုင်းတွေဖြစ်တဲ့ နှလုံး၊အဆုတ်၊အသည်း၊ကျောက်ကပ်၊အူမကြီးနဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ရေဓာတ်အပြည့်အဝရရှိဖို့လိုအပ်ပါတယ်။ကျမတို့နေ့စဉ်ရေသောက်ကြပါတယ် ။ဒါပေမယ့် ဘယ်လောက်အတိုင်းအတာထိသောက်မိလဲ သောက်ရမလဲဆိုတာတော့ သေချာသိချင်မှသိကြမှာပါ။

လူတစ်ယာက်ရဲ့ တစ်နေ့တာမှာ သောက်သုံးသင့်တ ဲ့ရေပမာဏအတိုင်းအတာဟာ ပျှမ်းမျှအနေနဲ့တော့ တစ်နေ့ ၂ လီတာ(ဖန်ခွက် ၈ ခွက်)ဖြစ်ပြီး အတိအကျသေချာသိနိုင်ဖို့အတွက်တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်အလေးချိန် ုkg ကို 30 ml နဲ့မြှောက်ပြီးရတဲ့ ပမာဏအတိုင်းသောက်သင့်ပါတယ်။ရေသောက်တဲ့အခါမှာလည်းမနက်အိပ်ရာနိုးချင်း ဘာအစားမှမစားခင် ရေတစ်ဖန်ခွက်အပြည့်သောက်ပြီး ၁၅ မိနစ်ခြားတစ်ခါလောက် ကိုယ်နိုင်သလောက် ပမာဏနည်းနည်းစီသောက်ခြင်းအားဖြင့်တစ်နေ့အတွက်လုံလောက်တဲ့ ရေပမာဏနဲ့အတူခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးအတွက်လည်းရေဓာတ်ကို ပြည့်ဝလုံလောက်စွာရမှာပါ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။