မျက်နှာသစ်ခြင်းဆိုတာ လူတိုင်းအမြဲလုပ်နေရတဲ့ သန့်စင်ခြင်းအလုပ်တစ်ခုဖြစ်ပြီး လူတိုင်းနည်းပါး မျက်နှာသစ်နည်း မှားယွင်းနေတာကိုလည်း တွေ့ရပါတယ်။

၁။ ညစ်ပေသော လက်ဖြင့်မျက်နှာသစ်ခြင်း

မျက်နှာမသစ်ခင်မှာ လက်ကိုသေချာသန့်စင်အောင် ဆေးကြောသင့်ပါတယ်။ ညစ်ပေသောလက်ဖြင့် မျက်နှာသစ်ခြင်းဟာ လက်မှာရှိတဲ့ အညစ်အကြေးများနှင့် ဘက်တီးရီးယားများကို မျက်နှာနှင့် ထိတွေ့စေနိုင်ပြီး ပိုမိုညစ်ညမ်းစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ မျက်နှာမသစ်ခင် လက်ကို ရေဖြင့် သေချာစွာဆေးကြောပေးသင့်ပါတယ်။

၂။ မျက်နှာသန့်ဆေးမှားယွင်းအသုံးပြုခြင်း

နောက်တစ်ခုမှားယွင်းတဲ့အချက်ကတော့ ကိုယ့်အသားအရေနှင့်မလိုက်ဖက်တဲ့ မျက်နှာသန့်ဆေးကိုအသုံးပြုမိခြင်းပါပဲ။ အသားအရေခြောက်သွေ့သူများအတွက် ခရင်(မ်)ပုံစံဖြင့်ဖန်တီးထားတဲ့ မျက်နှာသန့်ဆေးတွေကို အသုံးပြုသင့်ပြီး အဆီပြန်တဲ့ အသားအရေပိုင်ရှင်များအတွက် gel cleanser ကိုအသုံးပြုသင့်ပါတယ်။ တကယ်လို့ သင့်မျက်နှာပြင်အသား အရေက မျက်နှာသစ်ပြီးနောက်ပိုင်းမှာ အသားအရေတင်းကျပ်တာမျိုး၊ ခြောက်သွေ့တာမျိုးကို ခံစားရတယ်ဆိုရင်တော့ အခြားမျက်နှာသစ်ဆေးတစ်မျိုးကို ပြောင်းလဲအသုံးပြုသင့်ပါပြီ။

၃။ တိုက်ချွတ်ဆေးကြောခြင်းအမှားများ

မျက်နှာအသားအရေတိုက်ချွတ်ဆေးကြောခြင်းဟာ အသားအရေထိန်းသိမ်းခြင်းရဲ့ အဆင့်တစ်ခုဖြစ်ပေမယ့် တိုက်ချွတ်မှုလွန်ကဲသွားရင်တော့ ဘေးဥပဒ်ဖြစ်စေမှာအသေအချာပါပဲ။ အလွန်အမင်း အသားအရေတိုက်ချွတ်ခြင်းဟာ အသားအရေကို ယောင်ယမ်းစေပြီး ရောဂါပိုးများကို ဖြစ်ထွန်းစေပါတယ်။တပတ်ကိုအနည်းဆုံး နှစ်ကြိမ်လောက်ပဲ မျက်နှာအသားအရေကို တိုက်ချွတ်ဆေးကြောပေးလိုက်ပါ။ ညပို်င်းအချိန်တွေက ဆဲလ်အသစ်များကိုမွေးဖွားပေးစေနိုင်တဲ့အတွက် ညပိုင်းမှာ အသားအရေတိုက်ချွတ်ဆေးကြောခြင်းဟာ အကောင်းမွန်ဆုံးရလဒ်ကို ရရှိစေမှာအသေအချာပါပဲ။

၄။ ပြီးပြည့်စုံစွာ မသန့်စင်ခြင်း

မျက်နှာမှာရှိတဲ ့အညစ်အကြေး၊ မိတ်ကပ်တွေနှင့်အဆီတွေကို ပြည့်စုံစွာ တိုက်ချွတ်နိုင်ခြင်းမရှိတာကလည်း မျက်နှာသစ်မှားယွင်းခြင်းရဲ့ အကြောင်းခြင်းရာတွေပါပဲ။ အဲဒီလိုမျိုး မျက်နှာမှာ အညစ်အကြေး အကြွင်းအကျန်တွေ ကျန်ရှိခဲ့မယ်ဆိုရင်တော့ မိတ်ကပ် ထပ်မံလိမ်းခြယ်ရာမှာ မိတ်ကပ်သားပွတ်ဆွဲဖို့အတွက် အထူးခက်ခဲပါလိမ့်မယ်။ အထူးအကြံပေးချင်တာကတော့ မိတ်ကပ်တွေကို တိုက်ဖျက်မယ်ဆိုရင်တော့ မိတ်ကပ် cleanser ကိုအသုံးပြုပြီး လုံးဝပျက်သွားအောင် ဖျက်ပစ်ဖို့ပါပဲ။

၅။ အလွန်အမင်းဆေးကြောခြင်း

မကြာခဏ မျက်နှာသစ်ခြင်းနှင့် လိုတာထက်ပိုပြီး မျက်နှာသစ်ခြင်းကလည်း မျက်နှာသစ်မှားယွင်းမှုပုံသဏ္ဍာန်တစ်ခုပါပဲ။ အလွန်အမင်း မျက်နှာသစ်ခြင်းဟာ အသားအရေကို ခြောက်သွေ့စေပြီး အလွန်အမင်းအဆီပြန်ခြင်းများကိုလည်း ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးမျက်နှာသစ်နည်းကတော့ တစ်နေ့နှစ်ကြိမ် မျက်နှာသစ်နည်းနှင့် GYM မှအပြန်မျက်နှာသစ်ခြင်းပဲဖြစ်ပါတယ်။

၆။ ရေအလွန်အမင်းအေးလွန်းခြင်းနှင့် ပူလွန်းခြင်း

မျက်နှာသစ်တဲ့အခါမှာ ချွေးပေါက်တွေကို လုံးဝပွင့်သွားအောင်လို့ ရေနွေးနွေးလေးနှင့်ပဲ သစ်သင့်ပါတယ်။ အလွန်အမင်းအေးတဲ့ ရေနှင့်သစ်တဲ့အခါကျရင် မျက်နှာအသားအရေတွေကို ခြောက်သွေ့စေပြီး အရမ်းပူးတဲ့ မျက်နှာနှင့် သစ်တဲ့အခါကျရင်တော့ သွေးကြောတဲ့ ပြတ်ထွက်တတ်မှာအသေအချာပါပဲ။

၇။ မျက်နှာသစ်ပစ္စည်းများမသန့်ရှင်းခြင်း

တကယ်လို့ သင့်အနေနှင့် မျက်နှာသုတ်ပဝါ၊ မျက်နှာသစ်Brushတို့ကို အစဉ်အမြဲသန့်ရှင်းစွာ ထားရပါမယ်။ ညစ်ပေနေတဲ ့မျက်နှာသုတ်ပဝါ၊ မျက်နှာသစ် ဘရှပ်တို့ဟာ အသားအရေကို ဘေးဥပဒ်ဖြစ်စေပြီး ဘက်တီးရီးယားများ ပိုမို ကပ်ညိခြင်းများ ဖြစ်ပွားစေနိုင်မှာလည်း အသေအချာပါပဲ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။