Darvaza Gas Craterလို့ခေါ်တဲ့ အဆိုပါတွင်းကြီးဟာ ကမ္ဘာ့အံဖွယ်နေရာတွေထဲကတစ်ခုဖြစ်ပြီး ဆယ်စုနှစ်လေးခုကြာ တည်ရှိနေခဲ့တာဖြစ်ပါတယ်။

Turkmenistan, Derweze မှာရှိတဲ့ အဆိုပါတွင်းဟာ ပုံမှာပြထားတဲ့အတိုင်း နေ့ရောညပါ ဆက်တိုက်လောင်ကျွမ်းနေတာဖြစ်ပြီး နှစ်ပေါင်း ၄၅နှစ်ကြာရှိပြီဖြစ်ပါတယ်။ ၁၉၇၁ခုနှစ်ကနေစပြီး လောင်ကျွမ်းနေတဲ့အဆိုပါတွင်းကြီးကို ကမ္ဘာပေါ်မှ ငရဲသို့သွားရာဝင်ပေါက်ဆိုပြီး အားလုံးကခေါ်ကြပါတယ်။

၁၉၇၁ခုနှစ်မှာ ဆိုဗီယက်အင်ဂျင်နီယာတွေဟာ အဆိုပါနေရာကို ရေနံတူးဖို့အတွက်ရောက်ရှိလာပါတယ်။ ရေနံထွက်နိုင်တယ်လို့ အကောင်းဆုံးလို့ထင်ရတဲ့နေရာကို စပြီးတူးတဲ့အခါမှာတော့ မြေကြီးဟာ ကျွံဝင်ပြီး ၂၂၆ပေကျယ်ပြီး ၉၆ပေနက်တဲ့ တွင်းကြီးတစ်ခုဖြစ်ပေါ်လာပါတော့တယ်။ 

အဆိုပါတွင်းကနေ အန္တရာယ်များပြီး အလွယ်တကူလောင်ကျွမ်းနိုင်တဲ့ သဘာဝဓာတ်ငွေ့ဖြစ်တဲ့ မီသိန်းဓာတ်ငွေ့တွေထွက်လာကာ တွင်းကြီးထဲမှာ စတင်လောင်ကျွမ်းပါတော့တယ်။ အင်ဂျင်နီယာတွေဟာ အဆိုပါတွင်းကို နှစ်ပတ်အကြာလောက်မှာ မီးငြိမ်းသွားမယ်လို့ ခန့်မှန်းထားပေမယ့် နှစ်ပေါင်းလေးဆယ်ကျော်လောင်ကျွမ်းနေခဲ့ပြီး ယခုချိန်ထိ မငြိမ်းသေးဘူးလို့ဆိုပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။