၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးဥပဒ်အ္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသောဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲကြပ်မတ်လျက်ရှိပါသည်။

၂။ စျေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးဆောင်ရွက်ခဲ့ ရာ ဆေးဘူးပေါ်တွင် ဖော်ပြချက်အရ Henan Dekang Pharmaceutical Co., Ltd ထုတ် မြန်မာ နိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်မရှိသောGriseofulvin Tablets 125mg ဆေးဝါး သည် ဆေးဝါးအတု(အတု)ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။

၃။ ဆေးဝါးအတု၊ စံမညီဆေးဝါးများကို မှီဝဲသောရောဂါဝေဒနာရှင်များသည် စရိတ်များစွာကုန်ကျသည့်အပြင် မိမိတို့ခံစားနေရသော ရောဂါများပျောက် ကင်း ခြင်း(လုံးဝ)မရှိဘဲ ပိုမိုဆိုးရွားသောအခြေအနေခံစားရနိုင်ပါသည်။

သို့ပါ၍ ဆေးဝါး တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဆိုင်များ သည် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါး များ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(ethic) အရ လုံးဝ (လုံးဝ)မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ(၁၈)အရ ပြစ်မှုကျူးလွန်သူကို တရားစွဲဆိုအရေးယူ မည်ဖြစ် ကြောင်း အသိပေးအပ်ပါသည်။

Ref., ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။