သင်နေ့တိုင်းရေချိုးပါသလား။ လူတိုင်းဟာ နေ့စဉ်နေ့တိုင်း ရေချိုးရတာကို ပုံမှန်တာဝန်တစ်ရပ်အနေနဲ့ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ယခုရာသီမှာ ဆောင်းရာသီဖြစ်တဲအလျောက် ရာသီဥတုကလဲ အေးနေတဲ့အခါမှာ ရေချိုးဖို့ကို လူအတော်များများက တွန့်နေတတ်ကြပါတယ်။ ဒါပေမယ့် လေ့လာတွေ့ရှိချက်တစ်ခုကပြောကြားချက်ဟာ သင့်အတွက်အကြောင်းပြချက်ကောင်းတစ်ခုဖြစ်လာမှာပါ။ 

Columbia University School မှ ပါ​မောက္ခတစ်ဦးဖြစ်သူ Dr Elaine Larsonရဲ့ ပြောကြားချက်အရ တစ်ပတ်ကို ရေနှစ်ခါချိုးပေးရုံနဲ့ လုံလောက်ပြီလို့်ဆိုပါတယ်။ သူ့ရဲ့ပြောကြားချက်အရ လူတွေရေချိုးတယ်ဆိုတာ ခန္ဓာကိုယ်မှ အနံ့အသက်တွေ ဖယ်ရှားရုံသက်သက်သာဖြစ်ပြီး ခန္ဓာကိုယ်က ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်ခြင်း၊ ကာကွယ်ပေးနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

တကယ်လို့ သင့်ရဲ့ခန္ဓာကိုယ်ကို ဘက်တီးရီးယားပိုးမွှားတွေရန်ကနေ ကာကွယ်ချင်တယ်ဆိုရင်တော့ လက်ကိုသေချာသန့်စင်စွာဆေးတာကသာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့ Dr Elaine Larsonကနေ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရေကိုမကြာခဏချိုးတာဟာ အသားအရေကို ထိခိုက်စေနိုင်ပြီး အသားအရေပေါ်မှာရှိတဲ့ သဘာဝအဆီကိုဖယ်ရှားပေးပြီး ခြောက်သွေ့ပျက်စီးစေနိုင်တယ်လို့ဆိုပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။