မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင်ပြောင်းလဲမှုတွေထဲက တစ်ခုဆိုလည်း မှာမယ်မထင်ပါဘူး။ မွန်ပြည်နယ် ရေးမြို့၌ ရေးမြစ်ကမ်းပါး သာယာလှပပြီး အများ ပြည်သူအပန်းဖြေရာ နေရာတစ်ခု ဖြစ်လာစေရေးနှင့် ရေတိုက်စားခြင်းဒဏ် ကာကွယ်နိုင်ရေးအတွက် မြစ်ကမ်းပါး မြေထိန်းနံရံကို တည်ဆောက်လျက်ရှိကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ပြောပြထားပါတယ်။

အဆိုပါ မြေထိန်းနံရံကို မွန်ပြည်နယ်အစိုးရ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၂၅၉ သန်း အကုန်အကျခံ၍ ဘိုးပိုင်အခြေပြု ပေ ၄ဝဝ ကျောက်စီမြေထိန်း နံရံအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ လုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ကြီးကြပ်မှုဖြင့် S Galacticos ကုမ္ပဏီလီမိတက်က တာဝန်ယူပြီး ဇန်နဝါရီလအတွင်းမှစ၍ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကာ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့် အညီ ပြီးစီးအောင် အကောင်အထည်ဖော် တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါ ရေးမြစ်ကမ်းပါး မြေထိန်းနံရံတည်ဆောက်မှုများ ပြီးစီးပါက မြစ်ကမ်းပါး ရေတိုက်စားခြင်းကြောင့် ပြိုကျပျက်စီး ခြင်းဒဏ်များကို ကာကွယ်နိုင်မည့်အပြင် မြစ်ကမ်းပါးကိုလည်း သာယာလှပစေပြီး အများပြည်သူ အပန်းဖြေအနားယူစရာ နေရာတစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း ရေးမြို့နယ် ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။