လက်ရှိမြန်မာနိုင်ငံတွင် ပြစ်မှုကြီးများဖြစ်ပွားမှု များစွာရှိနေပါတယ်။ မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့က ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လစဉ်ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်က မြန်အောင်မြို့မ ရဲစခန်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ဝေက ယခင် လစဉ်ပုံမှန်ဆွေးနွေးပွဲမှ ရပ်မိရပ်ဖများ၏ တင်ပြချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းပြောကြားမှုများပြုလုပ်ပေးခဲ့ပါတယ်။ 

၎င်းအပြင် မြို့နယ်အတွင်း ၂၀၁၈ ခုနှစ် မှုခင်းဖြစ်ပွားမှုများနှင့်ဖြစ်စဉ်အကြောင်းအရာများကို ရှင်းလင်း ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ဝေက လှည့်ကင်းများနေ့၊ ည အရှိန်အဟုန်မပျက် တိုးမြှင့် ဆောင်ရွက်ပေး နေကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး မူးယစ်ဆေးဝါး၊ လောင်းကစားမှုများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ကူညီသတင်းပေး ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ ထို့ပြင် ဆက်လက်၍ မြန်အောင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ညွန့်က မြန်အောင်မြို့မရဲစခန်း နယ်မြေအတွင်း မှုခင်းဖြစ်ပွားမှု၊ အရေးယူဆောင်ရွက်မှု၊ လုံခြုံရေးဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။ 

ထို့နောက် ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ လောင်းကစားမှုများ၊ တရားဥပဒေစိုးမိုးရေး၊ မူခင်းကျဆင်းရေး တို့အတွက် အကြံပြုတင်ပြကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ဝေနှင့်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ညွန့်တို့က မူခင်းကျဆင်းရေးတို့အတွက် လှည့်ကင်း၊ ရပ်ကင်း ဆောင်ရွက်နေမှုများနှင့် တင်ပြချက်များအပေါ် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။ မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ၁-၁-၂၀၁၈ မှ ၁၉-၂-၂၀၁၈ အထိ မှုခင်းဖြစ်ပွားမှု အခြားအမှု ၂၅ မှုသာ ဖြစ်ပွားခဲ့ပြီး အမှုကြီးဖြစ်ပွားမှု လုံးဝဖြစ်ပွားမှု မရှိကြောင်း၊ ယခုလိုဖြစ်ပွားမှုမရှိအောင် မှုခင်းကျဆင်းရေး ဟောပြောပွဲများကို ရပ်ကွက်/ကျေးရွာများတွင် နေ့စဉ်၊ အပတ်စဉ် ဆောင်ရွက်လျက်ရှိပြီး ကြိုတင်ကာကွယ်မှုများ ဖမ်းဆီးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ဝေက ပြောကြားခဲပါတယ်။

Source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။