နှင်းခူဆိုတာ အရပြားဝေဒနာတစ်ခုဖြစ်ပါတယ်။ ဆေးအဆိုအရ neurocermatitis လို့ခေါ်ဝေါ်ကြပါတယ်။ အရေပြားမှာရှိတဲ့ အာရုံကြောတွေရဲ့ လှုံးဆော်မှုကြောင့် ယားခြင်းကိုခံစားကြရပါတယ်။ ယားတဲ့နေရာ ကုတ် လိုက်ခြင်းကြောင့် အသားမာတက်လာပြီး ကွက်မည်းနေတတ်ပါတယ်။ မကုတ်ရမနေ နိုင်အောင်ယားတဲ့ နှင်းခူတွေဟာ ခန္ဓာကိုယ်ရဲ့ ကုတ်လို့နေရာ ခြေထောက်လိုမျိုးတွေမှာ ပေါက်ရောက်တတ်ပါတယ်။တစ်ခြား နေရာတွေကတော့ ခြေချင်းဝတ်၊ နောက်ကျော၊ လည်ပင်းဘေး၊ လက်ဖျံ၊လက်ကောက်ဝတ်၊ တစ်ဝိုက် ယား ယံတတ်ပါတယ်။

အရပြားရောဂါအခံရှိတဲ့နေရာတွေမှာလည်း ပေါက်ရောက်တတ်ပါတယ်။ နှင်းခူကတော့ အနီရောင်အဖတ် နှင့် အဖုအပိမ့်သေးသေးလေးတွေဖြစ်တတ်ပါတယ်။ ကုတ်လိုက်တဲ့အတွက် အရေပြားပွန်းတာ၊ အရေပြား ပေါက်သွားတာတွေကြောင့် နောက်ထပ်ပိုးတွေဝင်ရောက်နိုင်ပါတယ်။ နှှင်းခူကို အသက်ကြီးပိုင်းတွေဖြစ်တာ ပိုများပါတယ်။အမျိုးသမီးတွေအဖြစ်များပါတယ်။ နှင်းခူအဖြစ်နိုင်ဆုံး အရာတွေကတော့ ခြင်ကိုက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အသားခြောက်ခြင်း၊ သွေးလှည့်ပတ်မှု မကောင်းခြင်း၊ တို့ကြောင့်လညး်ဖြစ်တာများပါ တယ်။

နှင်းခူမဖြစ်အောင် ကာကွယ်ဖို့အတွက် လက်သည်းကို တိုနေအေင်ထားပါ။ ကုတ်ခြငး်ကိုရှောင်ပါ။ ရေခဲကပ် ပေးပါ။ ကုတ်လိုက်လို့အနာတွေဖြစ်လာရင်မကောင်းပါဘူး ။အရေပြားဆရာဝန်နဲ့ ပြကြည့်ပါ။ သိုးမွေးထည် ကော်ဇော် ၊ခြင်ကိုက်ခြင်း၊ စိတ်ဖိစီးမှုများခြငး်တို့ကို ရှောင်ကြည့်သင့်ပါတယ်။ရေပြားကိုအစိုဓာတ်ထိန်းပေး ရန်လိုအပ်ပါတယ်။ အားလုံးပဲကျန်းမာရွင်လန်းကြပါစေ။

Source : ဒေါက်တာစိုးဝင်းဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။