မြန်မာနိုင်ငံမှာကျင်းပလျက်ရှိတဲ့ (၁၂)လရာသီပွဲတော်တွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ မဟာသင်္ကြန်ပွဲတော်ကြီး ကတော့ မကြာခင်မှာကျရောက်တော့မှာပဲဖြစ်ပါတယ်။ယခုနှစ်မှာကျင်းပမယ့် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲ တော်တွင် တောဓလေ့အသွင် သင်္ကြန်ညဈေးပွဲတော်ပါ ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။ တောဓလေ့ အသွင်နဲ့သင်္ကြန်ညဈေးပွဲတော်ကျုံး အရှေ့ဘက်(၆၆)လမ်းပေါ်တွင် ကျင်းပသွားမှာဖြစ်တယ်လို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှသိရပါတယ်။ 

ယခုထည့်သွင်းကျင်းပမယ့် သင်္ကြန်ညဈေးပွဲတော်ဟာ ပထမဆုံးအကြိမ်အဖြစ်ကျင်းပတာလည်း ဖြစ်ပါတယ်။ အဆိုပါ ဈေးပွဲတော်ကို သင်္ကြန်ကာလအတွင်း မန္တလေးမြို့သို့ လာရောက်ကြတဲ့ နိုင်ငံတကာခရီးသွား ဧည့်သည် များ အပန်းဖြေရင်း ပျော်ရွှင်ကြည်နူးမှုရရှိစေရန် နှင့် မြန်မာမှုဓလေ့များကို လေ့လာနိုင်စေရန် ရည်ရွယ်၍ ထည့် သွင်းကျင်းပတာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါ တယ်။ 

ယခုနှစ် ကျင်းပမယ့် သင်္ကြန်ညဈေးပွဲတော်တွင် မြန်မာ့ရိုးရာအစားအစာရောင်းချမယ့် ဆိုင်တန်း၊ ရုပ်သေးဖြင့် ကပြဧည့်ခံမယ့် အစီအစဉ်များ၊ ရုပ်ရှင် ပိတ်ကားဖြင့် ဂန္ထဝင်မန္တလေး အငွေ့အသက်များပါတဲ့ ရုပ်ရှင်ကားဟောင်း များပြသခြင်းတို့ ပါဝင်မယ်လို့ သိရပါတယ်။ထို့ပြင် အလှပြကားများ၊ အလှပြမဏ္ဍပ်များဖြင့် ဖျော်ဖြေ တင်ဆက် လိုပါကလည်း ကြိုဆိုအားပေးကြောင်း ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ 

သတင်းအရင်းအမြစ် - မင်းထက်အောင်(မန်းကိုယ်ပွား)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။