မြန်မာငွေကျပ် ၁ထောင်ကျပ်တန် ငွေစက္ကူနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊နေပြည်တော်မှ ကြော်ငြာချက် တစ် စောင်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။နေုာက်ပိုင်းထပ်မံထုတ်လုပ်မယ့် ၁ထောင်ကျပ်တန် ငွေစက္ကူတွင် ဂဏန်းအက္ခရာ(၈)လုံးအထိတိုးမြှင့် ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာအသုံးပြုနေတဲ့ ငွေစက္ကူ များမှာတော့ ဂဏန်းအက္ခရာ(၇)လုံးနဲ့ထုတ်လုပ်အသုံးပြုနေကြတာပဲဖြစ်ပါတယ်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထပ်မံထုတ်ဝေတဲ့ တစ်ထောင်ကျပ်တန်ငွေစက္ကူမှာ နံပါတ်(၈)လုံးကပါဝင်နေတာ ကြောင့်ပြည်သူများ သံသရမဖြစ်စေဖို့ အဆိုပါကြော်ငြာချက်ကို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ငွေကြေးလုပ် ငန်း စီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှုးချုပ် ဦးအောင်ကျော်သန်းကပြောပါတယ်။ယခင်ထုတ်ဝေခဲ့သော ငွေစက္ကူများ ဟောင်းနွမ်းဆွေးမြည့်ပျက်စီးလာတာကြောင့် ၎င်းငွေစက္ကူအဟောင်းများကိုဖျက်ဆီးပြီးအသစ်ထပ်မံ ထုတ်ေ၀ မှာပဲ ဖြစ်ပါတယ်။ 

အဆိုပါ အသစ်ထုတ်ဝေမယ့် တစ်ထောင်ကျပ်ငွေစက္ကူများတွင် ဂဏန်း(၈)လုံးပါရလာခြင်းအကြောင်းကတော့ ယခင်ငွေစက္ကူများထက် အမှတ်စဉ်ဂဏန်းပို၍များလာခြင်းကြောင့်သာဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူလူထုမှ မည်သည့်သံသယစိတ်သောက စိတ်မဝင်ပဲပုံမှန်အတိုင်းလည်ပတ်သုံးစွဲနိုင်ပါတယ်လို့ ဦးအောင်ကျော်သန်းက ပြောပါတယ်။ဂဏန်း(၈)လုံးပါ တစ်ထောင်ကျပ်တန်ငွေစက္ကူနဲ့ ပတ်သတ်ပြီးလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကိုဆက်သွယ်မေးမြန်းနိုင်လို့ ၎င်းကပြောပါတယ်။  

သတင်းအရင်းအမြစ် - မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊နေပြည်တော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။