တိုက်တန်းနစ် သင်္ဘောပေါ်မှာ ဂျပန်လူမျိုး တစ်ဦးတည်းပဲ ပါဝင်ပါတယ်။ တကယ့် ရှားရှားပါးပါးပါပဲ။ ဂျပန် ပု့ိဆောင်ရေး ဝန်ကြီးဌာနက အသက် ၄၂ နှစ်အရွယ် ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ Masabumi Hosono လို့ အမည်ရပါတယ်။ရုရှား နိုင်ငံကနေ မီးရထားလမ်းပညာ လေ့လာသင်ယူပြီးနောက် ဂျပန် ကို ပြန်ရမှာ ဖြစ်ပေမယ့် လန်ဒန်အရင်ရောက်ပါတယ်။ တိုက်တန်းနစ် သင်္ဘောရဲ့ ခရီးစဉ်မှာ သူလည်း ပါလာပါတယ်။ ဒုတိယတန်းစား ခရီးသည် အနေနဲ့ လိုက်စီးတာ ဖြစ်ပါတယ်။ သင်္ဘောရေခဲနဲ့ တိုက်ချိန်မှာတော့ အိပ်ယာမှာ ရှိနေပြီး သင်္ဘောလုပ်သားနိုးမှ ထပါတယ်။ အပေါ် တက်ကြည့်တော့ ဝရုန်းသုန်းကား ဖြစ်နေပြီး သက်ကယ်လှေတိုင်းမှာ အမျိုးသမီးနဲ့ ကလေးတွေနဲ့ ပြည့်နေပါတယ်။ ဒါတောင် ပထမတန်းစား ဧည့်သည်တွေကို ပိုပြီး ဦးစားပေးပါတယ်။

ကိုယ့်ကိုယ်ကို သေပြီလို့ ယူဆ ထားပေမယ့် မျော်လင့်ချက်ကတော့ ပျောက်မသွားပါဘူး။ နံပါတ် ၁၀ သက်ကယ်လှေက လူနှစ်ယောက်အတွက် နေရာရှိသေးကြောင်း လှမ်းအော်ပါတယ်။ ကြိမ်းသေတာကတော့ ယင်းနှစ်ယောက် နေရာမှာ အမျိုးသား စီးခွင့်ရမှာ မဟုတ်ပါဘူး။ အမျိုးသမီးနဲ့ ကလေးတွေကိုပဲ ဦးစားပေးမှာ ဖြစ်ပါတယ်။ လျှပ်စစ်မီးကလည်း ပျက်၊ သင်္ဘောကလည်း ယိမ်းနေတာကြောင့် အမှောင် ထဲမှာ Hosono ဟာ မိန်းကလေးကို အသံပြုလို့ ကျယ်လောင်စွာ အော် ပါတယ်။ ပြီးတော့ လှေပေါ်ကို မိန်းကလေးလို အသံပြုလို့ တက်သွားပြီး သေဘေးမှ လွတ်မြောက်သွားပါတယ်။ နယူးယောက်ကို အရင်ရောက်ပြီး ဂျပန်ရောက်ဖို့ အမေရိကန်အစိုးရက စီစဉ် ပေးပါတယ်။ စစရောက်ချင်းမှာတောင် လူသိများထင်ရှားပြီး တိုက်တန်းနစ်မှ လွတ်လာသော တစ်ဦးတည်းသော ဂျပန်နိုင်ငံသား အမည်နဲ့ ဂုဏ်ယူပါတယ်။ သို့ပေမယ့် သက်ကယ်လှေပေါ် မတက်သော်ငြား အသက် ရှင်ကျန်ခဲ့တဲ့ အမေရိကန် စားရေးဆရာ Archibald Gracie IV ကတော့ အားလုံးကို သိနေပါတယ်။

Archibald Gracie IV သူရေးတဲ့ သင်္ဘောနှစ်တဲ့အကြောင်း စာအုပ်ထဲမှာ လည်း ယင်း ဂျပန်နိုင်ငံသားဟာ မိန်းကလေးလို ဟန်ဆောင်လို့ လွတ်သွား ပါတယ် ဆိုတာကို ရှုံ့ချရေးသားခဲ့ပါတယ်။ ဒီတော့ Hosono ပြောသမျှဟာ အမှန်ကိုချန်ခဲ့ပြီး မိန်းကလေးအစားထိုးပြီး ကိုယ်လွတ်ရုန်း ပြေးလာ သူဆိုတာကို သိသွားပါတယ်။ ဂျပန်အစိုးရကလည်း သူ့ကို အလုပ်ဖြုတ်ခဲ့ပါ တယ်။ ဂျပန်ဆာမူရိုင်းလူ့အဖွဲ့အစည်းကလည်း သူ့လုပ်ရပ်ကို ရှုံ့ချပြီး ရိုးရာ ဓလေ့အတိုင်း သက်သေဖု့ိတောင် တောင်းဆို ပါတယ်။ သို့ပေမယ့် Hosono သရဲဘောကြောင်ပြီး ဂျပန်ဆာမူရိုင်း အစဉ်အလာ ကနေ တောင်ထွက်ခွာခဲ့ပါတယ်။ ယင်းနောက်ပိုင်း ဘဝ သက်တမ်း တစ်လျှောက် အရှက်နဲ့ပဲ အသက်ရှင်နေထိုင်ခဲ့ရပါတယ်။ မိသားစု အပေါ် လည်း အရှက်ရစေခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမယ့် သူ့ရဲ့သရဲဘောကြောင်မှုကတော့ ဂျပန်ပညာရေး စာသင်ရိုးမျာ စံပြ သရဲဘောင်ကြောင်သူ အဖြစ် ယနေ့တိုင် ကျန်ရှိစေခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးကို ဦးစားပေးရမယ်ဆိုတဲ့ ကမ္ဘာ့ကျင့်ဝတ်ကို ပယ်ဖျတ်ပြီး ကိုယ်လွတ်ရုန်းသူ ဖြစ်တဲ့အတွက် Masabumi Hosono ကို ယနေ့တိုင် လူသိများနေဆဲ ဖြစ်ပါတယ်။ 

Source : Wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။