မြန်မာနိုင်ငံတစ်ဝန်း မည်သည့်ဒေသ၊ မည်သည့် ကျေးလက်၊ မြို့၊ ရွာတွင်မှ မရှိသော ဒါနပန်း တစ်ခင်းကို ကြည့်မြင်တိုင်မြို့နယ်အတွင်း၌ နှစ်ပေါင်းများစွာ ကြာမြင့်လျက် လှူဒါန်းမှုပြုလုပ်လျက် ရှိနေပါတယ်။ တစ်လလျှင် နှစ်ကြိမ် လပြည့်၊ လကွယ် အဖိတ်နေ့တွေမှာ လှူဒါန်းမှုပြုလုပ်နေခဲ့တာ နှစ်ပေါင်း ၂၅ နှစ် ကျော် ငွေရတု ကာလကိုပင် လွန်မြောက်လာခဲ့ပြီလို့ သိရပါတယ်။ တကယ်ကိုကြည်နူးဖွယ် လှူဒါန်းတဲ့ပွဲလေးကို ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းတောင် အနောက်ရပ်ကွက် ဦးကြွယ်ဟိုးလမ်းအတွင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လှူဒါန်းပွဲလေးကိုဦးဆောင်ကျင်းပတဲ့ အလှူရှင်တွေကတော့ သုဓမ္မမဏိဇောတဓရ ဦးအောင် သန်းစိန်နှင့် ဇနီးဒေါ်အေးမြင့်သန်း မိသားစုတို့နှင့် အတူ တပည့်လုပ်သားများအပြင် လမ်းသူ လမ်းသား ဝိုင်းဝန်းသူတို့ဖြစ်ကြပါတယ်။ သာသနာ့နွယ်ဝင် သီလရှင်များသို့ ယခုကဲ့သို့လှူဒါန်းမှုကို ၁၉၉၁ ခုနှစ်က စတင် ခဲ့တာလို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သီလရှင် စာသင်တိုက်အားလုံးပင် အလှူခံရောက်ရှိလာရာ အပါး ၃ဝဝဝ ကျော်ကို တစ်လလျှင်နှစ်ကြိမ် ကုသိုလ်ပြုနေခြင်းဖြစ်ပါတယ်။ လှူဒါန်းမှုအနေနဲ့ ၁၅ ရက် တစ်ကြိမ်မှာ ငွေကျပ်သိန်း ၅ဝ ကျော်လှူဒါန်းဖြစ်တယ်လို့ သိရပါတယ်။

လူတစ်ဦးတစ်ယောက် အခုလို လှူဒါန်းနိုင် မှုဆိုတာ ရှေးဘဝက ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံနဲ့လည်း ဆိုင်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက် ဖြစ်လာပြီဆိုရင် ဒါန၊ သီလ၊ ဘာဝနာကို ပြုနေမှ သာ နိဗ္ဗာန်မရောက်မီစပ်ကြား မြတ်သောဘဝကို ပြန်ရကြမဟုတ်ပါလော။ သာသနာ့နွယ်ဝင် သီလရှင်များ ကို အဓိကထား ကုသိုလ်ပြုမှုမှာ မြင်ရခဲလှစွာ သော ဒါနမှုတစ်ခုဖြစ်နေသည်။ ဒါကြောင့် ပီတိဖြစ်ဖွယ် ထူးခြားတဲ့လှူဒါန်းမှုပွဲလေးရဲ့ ပုံရိပ်လေးတွေကို သာဓုခေါ်ဆိုနိုင်ရန်မျှဝေပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။