ဖေဖေါ်ဝါရီလ ၂၀ ရက်၊ မွန်ပြည်နယ် သထုံမြို့နယ်တွင် တစ်ရက်တည်းယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တယ် လို့သိရပါတယ်။အဆိုပါ ယာဉ်တိုက်မှုနှစ်ကြိမ်ကြောင့် လူ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာများရရှိခဲ့တာပဲ ဖြစ်ပါ တယ်။ဖြစ်စဉ်မှာ အဆိုပါနေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်က သထုံမြို့နယ်၊ သရက်တောကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ရဲနဒီစိုး ၁၆ နှစ် (ဘ) ဦးစံတင် ပေါင်မြို့နေသူ မောင်းနှင်ပြီး နောက်မှ ရဲရင့်နိုင် ၁၅ နှစ် (ဘ) ဦးပွား ပေါင်မြို့နေသူတို့ လိုက်ပါလာသော ဆိုင်ကယ်သည် အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၁၅၅/၅ နှင့် ၁၅၅/၆ အကြားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး တံတားအုတ်ဘောင်အား တိုက်မိကာ ဆိုင်ကယ် တိမ်းမှောက်သွားသဖြင့် ဆိုင်ကယ်ပေါ်လိုက်ပါလာသူ နှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့တာပဲ ဖြစ်ပါတယ်။ 

အဆိုပါ ၂၀ ရက်နေ့ ည ၁၀ နာရီခန့်တွင် သင်းထော်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဝင်းအေး ၃၈ နှစ် သာယာကုန်း ကျးရွာနေသူမှာ ဘေးတွဲဆိုင်ကယ် အား ကားလမ်းအတိုင်း မောင်းနှင်လာစဉ် လားရာတူ အနောက်ဘက်မှ အမျိုးသားတစ်ဦး(အမည်၊ နေရပ်လိပ်စာ၊ အသက် စိစစ်ဆဲ) မောင်းနှင်လာသော ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့တယ်လို့ သိရပါတယ်။ဒဏ်ရာများပြင်းထန်စွာရရှိခဲ့တဲ့အဆိုပါ ဆိုင်ကယ် မောင်းသူကိုတော့ သထုံခရိုင်ဆေးရုံပြီးသို့ တင်ပို့ကုသခဲ့ပြီး ဆေးကုနေစဉ်မှာတင် သေဆုံးခဲ့တာပဲဖြစ်ပါတယ်။ 

အဆိုပါဖြစ်စဉ်များတွင် ဆိုင်ကယ်မောင်းသူ ရဲနဒီစိုးအား ယာဉ်(ပ) ၁၇/ ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/ ၃၃၈ အရလည်ကောင်း၊ အမည်မသိသေဆုံးဆိုင်ကယ်မောင်းသူအား ယာဉ်(ပ) ၁၈/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄/က အရလည်ကောင်းအမှုဖွင့်ထားကြောင်း သထုံမြို့မရဲစခန်းမှသိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။