အကြောတက်ဝေဒနာကိ်ု လူတိုင်းခံစားရမှာပါ။ ခန္ဓာကို်ယ်ပေါ်မှာ နာခြင်း၊ ကိုက်ခြင်း၊ တွေကိုခံစားရတတ်ပါ တယ်။ အဓိကဖြစ်တတ်တဲ့နေရာတွှေကတော့ လည်ပင်း၊ပခုံး၊ လက်ပြင်၊ ကျော၊ ပေါင်၊ ခြေသလုံး၊ နေရာ တွေနာခြင်း၊ အနည်းဆုံးတော့ လကျော်ကျေ်ာခံစားရတတ်ပါတယ်။ အဲလိုမျိုးနာခြင်း ကိုက်ခြင်းတွေ ခံစားရ တဲ့အပြင် အိပ်မပျော်ခြင်း၊ ခေါငး်ကိုက်ခြင်း၊ လည်းပင်မှာ (သို့မဟုတ်) ရင်ဝမှာ ဆို့နေသလိုခံစားနေရခြင်း၊ အစာစားပြီးရင်လည်း ဝမ်းသွားချင်သလိုဖြစ်ခြင်း၊ ခြေထောက်တွေရောင်ခြင်း၊ ထုံခြင်း၊ တင်းခြင်း၊ ခန္ဓာကိုယ် အနှံနှိပ်ပေးလိုက်ရင် လေတက်သလိုဖြစ်ခြင်း၊ ဒီလိုတွေဖြစ်နေပြိးဆိုရင်တော့ အကြောတက်ရောဂါခံစားနေရ ပါပြီးနော်။

အဓိကတရားခံကတော့ အိပ်ရေးမဝတာဖြစ်ပါတယ်။ တစ်နေ့ကိုအနည်းဆုံး (၇)နာရီအိပ်ပေးရပါတယ်။ နောက်တစ်မျိုးကတော့ အိပ်ပါရဲ့ အိပ်မောမကျခြင်းတွေရှိတတ်ပါတယ်။ အဲလိုတွေဖြစ်ရင်တော့ မနက်မို်း လင်းလို့ အိပ်ရာကထရင် တစ်ကိုယ်လုံးကိုက်ခဲတောင့်တင်းနေတတ်ပါတယ်။ အထဲမှာရှိတဲ့ အူတွေရော အစာကြေသလိုခံစားရပြိး လေချဉ်တက်ပါတော့တယ်။ဆရာဝန်တွေကတော့ ဒါဟာအိပ်စက်မှုမမှန်ခြင်း ကြောင့်လို့ဆိုထားပါတယ်။ သွေးထဲစမ်းသပ်ကြည့်လည်းဘာမှမတွေ့ရပါဘူးတဲ့။ ဒါကြောင့်အိပ်ရေးဝဖို့ သာ အဓိကလို့ဆိုထားပါတယ်။

လက်သီးဆုပ်ကို အားနဲ့ဆုပ်ခိုင်းထားပြီး ၃ မိနစ်လောက်ဆိုရင် တဖြည်းဖြညး်ပြန်ဖြေလိုက်ရင် အကြောတွေ ပြေလျော့သွားပြီး အရမ်းနေကောင်းပါတယ်။ ညအိပ်ရာဝင်တဲ့အခါမှလည်း ဘာမှမတွေးတာအကောင်းဆုံး ဖြစ်ပါတယ်။ ခေါင်းအုံးပါးပါးလေးနဲ့အိပ်ကြည့်ပါ။ တစ်ကို်ယ်လုံးကြွက်သားတွေကို စိတ်ထဲဖြေလျော့ပြီး အရာ အားလုံးလျော့ချလိုက်ပါ။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါလိမ့်မယ်။ဒီနည်းလမ်းအတို်င်းသာလုပ်ကြည့်ပါ ။ ခေါင်းကိုက်ခြင်း၊ နာကျင်ကိုက်ခဲတာတွေပျေက်သွားပါလိမ်းမယ်။ အားလုံးကျန်းမာကြပါစေ။

Source : ပါမောက္ခဦးချစ်စိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။