ပျော်ရွှင်မှုအတွက်လူတွေဖန်တီးထားတဲ့ လောင်းကစားလုပ်ငန်းတွေများစွာထဲမှာတော့ ကြက်တိုက်တဲ့လောင်းကစားဟာလည်းထင်ရှားလှပါတယ်။ထိုကြက်တိုက်တဲ့လောင်းကစားဟာ အာရှနိုင်ငံအနည်းငယ်အတွင်းမှာတော့ နာမည်ကြီးတဲ့လောင်းကစားနည်းတစ်မျိုးလဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာလဲကြက်တိုက်တာနဲ့ပတ်သတ်ပြီးပြုလုပ်တဲ့ပွဲလေးတွေများစွာရှိနေမယ့် ချင်းမိုင်မြို့မှာတနှစ်မှတစ်ခါကျင်းပတဲ့ ကြက်တိုက်ပွဲကတော့ အကျော်ကြားဆုံးပဲဖြစ်ပါတယ်။ထိုပွဲကတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ကြက်တိုက်ဝါသနာပါတဲ့သူတွေက မိမိတို့ရဲ့ကြက်တွေရဲ့အရည်အသွေးကိုအပြိုင်အဆိုင် စမ်းသပ်ကြတဲ့ပွဲလေးပဲဖြစ်ပါတယ်။ ၎င်းပြိုင်ပွဲလေးအတွင်းမှာ အကျော်ကြားဆုံးကတော့ ကြယ်ငါးပွင့် ဆိုတဲ့နာမည်နဲ့ ဆိုက်ကြက်ချန်ပီယံပဲဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါလ ၁၈ ရက်နေ့မှာကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးဆိုင်ရာကြက်တိုက်ဗိုလ်လုပွဲမှာတော့ ကျောက်စိမ်းခီရီ တိုက်ကြက်ကတော့ ချန်ပီယံ ကြယ်ငါးပွင့် ဆိုက်ကြက်ကို အနိုင်တိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ ကျောက်စိမ်းခီရီကတော့အနိင်ရရှိတဲ့အတွက် လောင်းကြေးဆုငွေ ဘတ် ၃၃သန်းနဲ့ခုနှစ်သိန်းထိ ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။ထိုဆုကြေးငွေပမာဏဟာ ဒေါ်လာတစ်သန်းကျော် တန်ကြေးရှိပြီး တိုက်ကြက်သမိုင်းမှာ လောင်းကြေးအမြင့်ဆုံးအနေနဲ့ စံချိန်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒီသတင်းလေးကိုလဲပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
photo credit
Myanmarload
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။