ကမ္ဘာကျော် ဆယ်လီစုံတွဲလေး ဖြစ်ကြတဲ့ Justin Bieber နဲ့ Selena တို့ကတော့ Justin Bieber ရဲ့ ဖခင်ဖြစ်သူရဲ့ မင်္ဂလာပွဲလေးကို နှစ်ယောက်အတူ တတ်ရောက်ခဲ့ပါတယ်..။

Justin Bieber နဲ့ Selena တို့ကို ဖေဖော်ဝါရီ(၁၉)ရက်နေ့က သူတို့စုံတွဲကို လေဆိပ်မှာ အတူတူတွေ့ခဲ့ကြရပြီး Justin Bieber ရဲ့ အဖေမင်္ဂလာပွဲကို Selena က ကိုယ်တိုင်တတ်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်..။

မင်္ဂလာပွဲလေးကို နှစ်ယောက်အတူ တတ်ရောက်ခဲ့ကြတဲ့ အပြင် Selena လေးက Justin Bieber ရဲ့ ဆွေမျိုးတွေနဲ့လည်း အတူတူဆယ်လီရိုက်ခဲ့ကြပါသေးတာလည်း တွေ့ရပါတယ်..။

အတားအဆီး အတိုက်အခိုက်တွေ များလွန်းတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးလေးကတော့ အခုဆိုရင် တော်တော်လေးကို အဆင်ပြေနေပုံရပါတယ် ပရိသတ်ကြီးရေ..

Justin Bieber ရဲ့ အဖေ Jeremy Bieber က အသက် (၃၀) အရွယ် Chelsea Rebelo ဆိုတဲ့ အမျိုးသမီးနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က လက်ထက်ပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

Justin Bieber နဲ့ Selena တို့ကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားသလို အရမ်းချစ်ကြတဲ့ စုံတွဲလေးမို့ ပရိသတ်တွေ အားကျရတဲ့ လူငယ် စုံတွဲလေးတစ်တွဲလည်း ဖြစ်ပါတယ်..။

Source - DailyMail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။