နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်ဒယ်လ် မင်းသားချောနဲ့ ညိမ်းသော်နဲ့ အဆိုတော်မလေး ရတနာမိုင်တို့ကိုတော့ လိုက်ဖက်ညီတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်..။

ညမင်းသားလေးလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ “ည” ရုပ်ရှင်ဇာတ်ကားထဲက မင်းသားချောလေး ညိမ်းသော်ကတော့ အနုပညာလုပ်ငန်းတွေကို အဆက်မပြတ်လုပ်ဆောင်နေပြီး MTV နဲ့ ကြော်ငြာတော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်နေတာလည်း တွေ့ရပါတယ်..။

အခုတစ်ခါမှာတော့ အဆိုတော် ရတနာမိုင်ရဲ့ “မမေ့ပါနဲ့” သီချင်း MTV မှာလည်း ပါဝင်သရုပ်ဆောင် ရိုက်ကူးပေးနေတယ်လို့ သိရပါတယ်..။

ရိုက်ကွင်းပုံရိပ်လေးတွေကိုတော့ မင်းသားချောလေး ညိမ်းသော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ရိုမန့်တစ်ဆန်ပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ လိုက်ဖက်ညီလွန်းတဲ့ စုံတွဲလေးအဖြစ် မြင်တွေ့ရမှာမို့ ပရိသတ်တွေကို ကြိုက်နှစ်သက်စေမှာပါ..။

အဆိုတော်ရတနာမိုင်နဲ့ မင်းသားချောလေး ညိမ်းသော်တို့ရဲ့ ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းတဲ့ စုံတွဲလေးအဖြစ် မြင်တွေ့ရမယ့် ပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..

Source - ညိမ်းသော် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။