လက်ရှိရာသီဟာဖြင့် ကျိုက်ထီးရိုးဘုရားဖူးရာသီဆိုလည်း မှားမယ်မထင်ပါဘူးနော်။ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၌ ပြည်တွင်း ပြည်ပ ဘုရားဖူးပြည်သူများ အဆင် ပြေစေရေးအတွက် Kyaiktiyo Great Green Co.,Ltd သည် ဆံတော်ရှင် ကျိုက်ထီး ရိုးစေတီတော် နယ်မြေ စိမ်းလန်းစိုပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရဟန်းသံဃာများ၊ သက်ကြီး ရွယ်အိုများနှင့် ပြည်တွင်း ပြည်ပခရီးသွား ပြည်သူများ ပိုမို အဆင်ပြေလွယ်ကူစေ ရေးအတွက် ကျိုက်ထီး ရိုးစေတီတော် ၏ အခြားတစ်ဖက်လမ်းတွင် ကေဘယ်ကား ပြေးဆွဲရေး လုပ်ငန်း စီမံကိန်း အဆိုပြု ချက်ကို ဖေဖော်ဝါရီ ၂ဝ ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံး၌ တင်ပြခဲ့ ကြောင်း သိရပါတယ်။

ယခု ပြေးဆွဲမည့်လမ်းကြောင်းသည် ကျိုက်ထီးရိုးလမ်းခွဲမှ မဲယွန်းကြီး၊ ကဒိုင်ဒွတ်၊ မိုးဘောနယ်ရှင်၊ ကျောက် ဖျာ၊ခေါင်းဆေးကန်လမ်းဖြစ်ပြီးmain station မှ စေတီတော်အနီး မုဆိုးတောင် Return station ထိ ၂၃၉၆ မီတာ အကွာအဝေးရှိပြီး ကျိုက်ထီးရိုး လမ်းခွဲမှ main station ထိ ၁၃ မိုင် ကားလမ်းကို လေးလမ်းသွားအဖြစ်တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ၎င်းလမ်း၌ရှိ သည့် တံတား ၁၂ စင်းကို အသစ် ပြန်လည်ပြုပြင်သွားကာ ကေဘယ် ကားလမ်း အသစ်ဖောက်လုပ်လိုက် ခြင်းဖြင့် ပြည်တွင်း ပြည်ပ ဘုရားဖူး များ အတွက် ပိုမိုအဆင်ပြေလာမည် ဖြစ်ပြီး ခရီးသွားလုပ်ငန်းလည်း ပိုမို တိုးတက်လာပြီး ဒေသခံများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာ မည်ဖြစ်ကြောင်း သိရပါတယ်။

ယခု ကေဘယ်ကား ပြေးဆွဲရေးလုပ်ငန်းတွင် တစ်စီးလျှင် ၁ဝ ဦးလိုက်ပါနိုင်သော ကေဘယ်ကား အစီး ၈ဝ ပါရှိ မည်ဖြစ်ပြီး Return Station မှ ဘုရားဆင်းထိ မီတာ ၄ဝဝ လျှောက်လမ်း ပါဝင်မည်ဖြစ် ကြောင်း သိရပါတယ်။ main Station နေရာတွင် ကားပါကင် အခမဲ့ တည်းခိုဆောင် များနှင့် အဆင့်မြင့် အိမ်သာများ ပါဝင်မည် ဖြစ်ပြီး၊ စီမံကိန်း တစ်လုံးကို ၂ဝ၁၉ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးစောရွှေအောင်က ပြောပြခဲ့ပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။