ယမန်နေ့ ညနေ ၄:၃၉ နာရီခန့်က ရပ်ကွက်(၂)၊နယ်မြေ(၂)၊လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းတွင် တည်ရှိတဲ့ ရိုးမဘဏ်တွင် ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ ဘဏ်တွေရဲ့ ရုံးပိတ်ချိန်(၃း၀၀)နောက်ပိုင်းပေါက်ကွဲခဲ့တာဖြစ်တဲ့အတွက် ဘဏ်ဝန်ထမ်းတွေထဲကဘဲ ထိခိုက်သေဆုံးမှုတွေ ရှိနေခဲ့ပါတယ်။ ဒဏ်ရာရသူစုစုပေါင်း (၂၁)ဦးရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ (၂)ဦးလို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူများမှာ ခွဲစိတ်ကုသဆောင်တွင် တက်ရောက်ကုသနေသူ(၅)ဦး၊အရိုးကုသဆောင်တွင် တက်ရောက်ကုသနေသူ(၁)ဦး၊ပြင်ပလူနာ(၁၅)ဦး ဖြစ်တယ်လို့သိရပါတယ်။ သေဆုံးသူများမှာ ဒေါ်မော်မော်၊အသက်(၃၉ )နှစ်ဖြစ်ပြီး ဝဲဘက်ခြမ်းနဖူးမှ နားထင်စပ်ထိ ပေါက်ပြဲဒဏ်ရာရရှိပြီး သေဆုံးသွားတယ်လို့သိရရှိပါတယ်။ ထပ်မံသေဆုံးသူတစ်ဦးကတော့ ဒေါ်စန္ဒာထွန်း၊အသက်(၄၆)နှစ်ရှိသူဖြစ်ပြီး ပါးစုတ်ပြဲဒဏ်ရာ၊ကိုယ်ခန္ဓာစုတ်ပြဲဒဏ်ရာများရရှိသေဆုံးခဲ့တာလို့သိရပါတယ်။

ထိန့်လန့်စရာအဖြစ်ပျက်တစ်ခုပါဘဲ။ လုံခြုံရေးဝန်ထမ်းတွေ၊ CCTV စနစ်တွေအများဆုံး စောင့်ကြည့်တပ်ဆင်ထားတဲ့ နေရာမှာအခုလိုမျိုးပေါက်ကွဲခဲ့တာဟာ တကယ်ကိုတုန်လှုပ်စရာကောင်းလှပါတယ်။ အပြစ်မဲ့တဲ့ ဘဏ်ဝန်ထမ်းတွေရဲ့ဘဝဟာလည်း သနားစရာကောင်းလှပါတယ် ပရိတ်သတ်ကြီးတို့ရယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။