ဖေဖော်ဝါရီလ(၂၂)ရက်နေ့၊ နံနက်(၄)နာရီဝန်းကျင် အချိန်ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော် ပေါ်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါ တာချီလိတ်ရွှေတိဂုံစေတီတော်တွင် လက်ရှိ မှာတော့ ရွှေသင်္ကန်းများ ကပ်လှူနေတာကြောင့် ငြမ်းများဆင်ထားပြီး ဝါးဖျာများဖြင့် အကာအရံများထားရှိထား တယ်လို့သိရပါတယ်။မီးလောင်မှုကတော့ အဆိုပါ အကာအရံများတွင်လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းမှုများပြုလုပ်နေလျက်ရှိတယ်လို့ သိရပါတယ်။ 

မီးလောင်မှုဖြစ်ပွားရာ တာချီလိတ်ရွှေတိဂုံစေတီတော်သို့ တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် နှစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦးတို့ သွားရောက်ငြှိမ်းသတ် ခဲ့ရတာပဲ ဖြစ်ပါတယ်။မီးသတ်တပ်ဖွဲ့ဝင်များနဲ့အတူ တာချီလိတ်မြို့ရွှေတိဂုံစေတီတော် အနီးနေလူငယ်များမှ စုပေါင်းငြိမ်း သတ်ခဲ့ကြတာဖြစ်တယ်လို့ တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်အရာရှိတစ်ဦးကပြောပါတယ်။အဲ့ဒီနေ့ နံနက်(၄း၂၅)နာရီဝန်းကျင်အချိန်တွင်မှာတော့ မီးငြိမ်းသွားခဲ့တယ်လို့ ၎င်းကပြောပါတယ်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သတ်ပြီး တစ်စုံတစ်ဦးပယောဂကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရတာကြောင့် ယူဆရသဖြင့် အမှုမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း တာချီလိတ်မြို့ နယ်ရဲတပ် ဖွဲ့ ရဲမှူးသန်းနုက ပြောပါတယ်။တရားခံကို အမြန်ဆုံးဖော်ထုတ်ပြီး တရားဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူ သွားမှာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ 

သတင်းအရင်းအမြစ် - တာချီလိတ်သတင်းအေဂျင်စီ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။