မနေ့က ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ် လားရိူးမြို့ ဗုံးပေါက်ကွဲမှုကို ပရိသတ်များ သိမယ်ထင်ပါတယ်။ အဆိုပါ ဖြစ်ရပ်ကတော့ လားရှိုးမြို့၊ ရပ်ကွက်(၂)၊ နယ်မြေ(၁၁)၊ လမ်းမတော်လမ်းရှိ ရိုးမဘဏ်ခွဲ (၁)နှင့် ဧရာဝတီဘဏ်ကြားတွင် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်က မိုင်းဗုံးဟုယူဆရသော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။၎င်းဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် သေဆုံးသူ မ(၂)ဦး၊ ပြင်းထန်ဒဏ်ရာရ(စိုးရိမ်ရ)(၁)ဦး၊ ပြင်းထန်ဒဏ်ရာရ(မစိုးရိမ်ရ)(၅)ဦးနှင့် သာမန်ဒဏ်ရာရ (၁၅)ဦးတို့ ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ(၂)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၅)သိန်း၊ ပြင်းထန်ဒဏ်ရာရ (စိုးရိမ်ရ)(၁)ဦးအတွက် ငွေကျပ်(၃) သိန်း၊ ပြင်းထန်ဒဏ်ရာရ(မစိုးရိမ်ရ)(၅)ဦးအတွက် တစ်ဦးလျှင်ငွေကျပ် (၂)သိန်းနှုန်း၊ သာမန် ဒဏ်ရာရ(၁၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၅)သောင်းနှုန်း စုစုပေါင်း ငွေကျပ် (၃၀.၅)သိန်းပေးအပ်ခဲ့ပါတယ်။ ၎င်းအပြင် လားရှိုးခရိုင် ကယ်ဆယ်ရေးဦးစီးဌာနမှ သေဆုံးသူ(၂)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၃)သိန်း၊ ဒဏ်ရာရရှိခဲ့သည့် (၂၁)ဦးအတွက် တစ်ဦးလျှင် ကျပ်(၅)သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၁၆.၅)သိန်းနှင့် ပြည်နယ်ဒုတိယ၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများမှ သေဆုံးသူ (၂)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၂)သိန်း၊ ပြင်းထန်ဒဏ်ရာ ရရှိသူ (၆)ဦးအတွက် ငွေကျပ်(၅)သောင်း၊ သာမန်ဒဏ်ရာရရှိသူ(၁၅)ဦး အတွက် တစ်ဦးလျှင် ကျပ်(၃)သောင်းနှုန်း၊ စုစုပေါင်း ငွေကျပ်(၁၁.၅)သိန်းတို့ကို လားရှိုးပြည်သူ့ဆေးရုံတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။