ပြည်တွင်းယာဉ်စည်းကမ်းများနှင့်ပတ်သက်ပြီး ပြုပြင်မှုတွေများစွာပြုလုပ်ခဲ့ကြပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် ယာဉ်မတော်တဆမှုများ ကင်းရှင်းစေ ရန်အတွက် စည်းကမ်းမဲ့ရပ်နားသည့် မော်တော်ယာဉ်များကို မြစ်ကြီးနားမြို့ အမှတ်(၉၈) ယာဉ်ထိန်းတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ ဖေဖော်ဝါရီ ၇ ရက် မှ ၁၉ ရက်အထိ ၁၃ ရက်အတွင်း ယာဉ် စီးရေ ၉၁ စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။

စည်းကမ်းမဲ့မော်တော်ယာဉ်များကို ဖမ်းဆီးရာတွင် ယာဉ်နှစ်ထပ်ရပ်ခြင်း၊ ပလက်ဖောင်းနှင့် တစ်ပေထက်ပိုခွာ၍ ရပ်ခြင်း၊ ယာဉ်ကြောပြောင်းပြန်ရပ်ခြင်း၊ ဖြူနီကြား၌ ရပ်ခြင်း၊ လမ်းထောင့်၌ ရပ်ထားခြင်း စသည့် စည်းကမ်းမဲ့စွာ ရပ် နားထားသည့် ယာဉ်များကို ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ အမှတ် (၉၈) ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ ပြောပြခဲ့ပါတယ်။ ''စည်းကမ်းမဲ့ရပ်ထားတဲ့ ကားတွေကို ဖမ်းတာပါ၊ ပိုင်ရှင်မရှိတဲ့ ကားတွေကျ တော့ ကားဘီးကို သော့ခတ်တဲ့စနစ်နဲ့ ဖမ်းပါတယ်၊ ပညာပေးကာလမှာ ယာဉ် စည်းကမ်းလိုက်နာဖို့ လူတွေ၊ ယာဉ်တွေ ကို ရပ်ခိုင်းပြီး ယာဉ်စည်းကမ်းပညာပေး လက်ကမ်းစာစောင်တွေဝေတယ်၊ နှုတ်နဲ့လည်းပြောပါတယ်''ဟု အဆိုပါတပ်ဖွဲ့ မှ ဒုရဲမှူးကျော်စိုးဦးက ပြောပြထားပါတယ်။

မြစ်ကြီးနားမြို့တွင် စည်းကမ်းမဲ့ မော်တော်ယာဉ်များ ရပ်နားမှုအများဆုံး နေရာများမှာ ဈေးကြီးပတ်လည်၊ ဘူတာ ရှေ့၊ ဘဏ်ရှေ့ စသည့် လူစည်ကားသည့် နေရာများတွင် အများဆုံးဖြစ်ကြောင်း နှင့် ယခုစည်းကမ်းမဲ့ရပ်နားမှုကြောင့် ဖမ်းဆီးထားခဲ့သည့် မော်တော်ယာဉ်များ ကို တရားရုံး၌ ကားတစ်စီးလျှင် ငွေကျပ် နှစ်သောင်း ဒဏ်ငွေပေးဆောင်စေခြင်း၊ ဒဏ်ငွေ မပေးဆောင်နိုင်သူများကို ယာဉ်မောင်းလိုင်စင်ရှိပါက ယာဉ်မောင်း လိုင်စင် သိမ်းဆည်းခြင်းများနှင့် ပညာ ပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။