ပရိတ်သတ်ကြီးတို့ရယ် ဒီနေ့မှာတော့ တကယ်ကိုသနားစရာလူမမယ်မလေးရဲ့ ရင်ဆိုင်နေရတဲ့အဖြစ်ပျက်လေးကို ရင်နှင့်ဖွယ်ဖော်ပြပေးမှာဖြစ်ပါတယ်။ လူ့လောကထဲဝင်ရောက်လာစဉ်ကတည်းက ဆိုးရွားတဲ့ရောဂါဆိုးကြီးတစ်ခုကို သယ်ပိုက်ဝင်ရောက်လာခဲ့တာ (၉)နှစ်တာမျှရှိနေပြီဖြစ်ပါတယ်။ သမီးလေးချစ်စနိူးအမည်တွင်တဲ့ သနားစရာလူမမယ်မလေးရဲ့ရောဂါကတော့ လူများစုမှာအဖြစ်နည်းတဲ့ ရောဂါတစ်မျိုးလို့ သိရပါတယ်။ 

လူတွေရဲ့ခန္တာကိုယ်ကို Epidermis ,dermis , hypodermis ဆိုတဲ့အရေးပြားသုံးလွှာနဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။ သမီးလေးချစ်စနိူးမှာတော့ သာမန်လူတစ်ယောက်လို အရေပြား(၃)လွှာမပါဘဲ ခန္တာကိုယ်ကိုအကာကွယ်ပေးမယ့် အရေပြားတစ်လွှာဘဲပါလာတဲ့အတွက် ပိုးတွေလွယ်ကူစွာဝင်ရောက်ပြီး ဆိုးရွားတဲ့အရေပြားရောဂါကို ခံစားနေရပါတယ်။ ယခုအချိန်မှာဆိုရင်တော့ အရေပြားရောဂါတင်မက သွေးတွေပါမသန့်တော့လို့ တစ်လကို သွေး၃ပုလင်းလောက်က ပုံမှန်သွင်းနေရပြီး လက်ရှိအချိန်မှာတော့ သမီးလေးဟာသွေးပုလင်း၂၀၀ကျော် သွင်းပြီးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ 

အရွယ်နဲ့မမျှအောင် ဝေဒနာဆိုးတွေခံစားနေရတဲ့သမီးလေးဟာ အရေပြားဆေးရုံတစ်လှည့်၊ကလေးဆေးရုံဟောင်းတစ်လှည့်အမြဲကုသမှုခံယူနေရပါတယ်။ သမီးလေးရဲ့ ရောဂါဟာသေချာကုသမှုခံယူရင် ပျောက်ကင်းသက်သာနိုင်ပေမယ့် သမီးလေးရဲ့မိဘတွေဟာဆိုရင်လည်း နွမ်းပါးတဲ့အတွက် သမီးလေးကိုဆေးကုသဖိုရန် အခက်အခဲများစွာရှိနေတယ်လို့သိရပါတယ်။ မွေရားပါ ကံဆိုးမှုတွေသယ်လာခဲ့တဲ့သမီးလေးရယ် လူလော့ကထဲဝင်ရောက်ပြီးနောက်မှာတော့ ခံစားနေရတဲ့ဝေဒနာတွေပျောက်အောင်ကုသနိုင်ပြီး ကံကောင်းမှုတွေနဲ့ ဘဝကိုကျန်းကျန်းမာမာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။