၂၃.၂.၂၀၁၈ ရက်နေ့၊ ၁း၀၀အချိန်မှစရျ် ပန်းလှိုင်တံတားအဆင်းတွံ့တေး-လှိုင်သာယာလမ်းတွင် မီးလောင်မှုတစ်ခုဖြစ်ပွားနေပါတယ်။ စစဖြစ်ပွားတဲ့အချိန်က မီးသတ်ဌာနမှ Level 1 ယာဉ်အုပ်စုများ ထွက်ခွာရန်စေလွှတ်ပြီး မီးငြိမ်းသတ်စေခဲ့တယ်လို့ သိရပါတယ်။

လမ်းဘေးဆီဆိုင်အတွင်းလောင်ကျွမ်းနေတာကြောင့် ၁၃း၀၅ အချိန်မှာတော့ Level 2 ယာဉ်အုပ်စုများစေလွှတ်ကာမီးငြိမ်းသတ်လျှက်ရှိနေပါတယ်။ မီးပွားတွေဟာ အရမ်းကိုကြီးထွားနေပြီး မီးခိုးမှိုင်းတွေဟာအဝေးကနေလှမ်မြင်နိုင်တဲ့အထိ ကြောက်မက်ဖွယ်လောင်ကျွမ်းနေပါတယ်။ စတင်လောင်ကျွမ်းခဲ့တဲ့အကြောင်းအရာကတော့မသိရှိရသေးပါဘူး။

မီးသတ်ဝန်ထမ်းတွေဟာဆိုရင်လည်း အပြေးအလွှားနဲ့တကယ်ကို ခက်ခဲစွာအန္တာရယ်ကြားမှာ မီးြငိမ်းသတ်ပေးလျှက်ရှိနေကြရပါတယ်။ မီးဟာ ယခုအချိန်အထိဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး ငြိမ်သက်ခြင်းမရှိသေးပါဘူး။ မီးလောင်ကျွမ်းနေတဲ့ရုပ်သံကို ပရိတ်သတ်ကြီးတွေအတွက် တင်ဆက်ပေးပြီး နောက်ဆက်တွမြီးလောင်မှုသတင်းအတိအကျကိုလည်း စောင့်မျှော်ဖတ်ရှုပေးကြပါအုံးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။