မြန်မာနိုင်ငံဟာ ကမ္ဘာမှာသယံဇာတပေါကွယ်ဝပြီး လှပတဲ့သဘာဝကမ်းခြေအမြှောက်အများရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကိုဆွဲဆောင်မှုများစွာပေးနေတဲ့ ရခိုင်ပြည်နယ်မှ ငပီလီကမ်းခြေဟာလည်း ကမ္ဘာအလှပဆုံးကမ်းခြေစာရင်းရဲ့ ထိပ်တန်းမှာရှိနေပါတယ်။ မကြာသေးမှီကမှ ပြည်သူတွေကြားနာမည်ကြီးရေပန်းစားပြီး သွားရောက်သူအများအပြားရှိနေတဲ့ကျွန်းလေးတစ်ကျွန်းကတော့ ဂေါ်ရန်ဂျီဆိုတဲ့ကျွန်းလေးဘဲဖြစ်ပါတယ်။

"ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းဒေမှာရှိတဲ့ ဂေါ်ရန်ဂျီ ကျွန်းကိုတရားဝင် အပန်းဖြေ စခန်းတစ်ခုဖြစ်လာအောင် ဒေသခံတွေနဲ့အတူ ဆောင်ရွက်မယ်၊ ဆောင်ရွက်ပြီး သွားရင်တော့ ဒီဒေသက ဧရာဝတီတိုင်းဒေသကြီးရဲ့ ပထမဆုံး လူထုအခြေပြု ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်လာမှာပါ''ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးက ပြောကြားထားပါတယ်။

ဂေါ်ရန်ဂျီကျွန်းရဲ့ ကမ်းခြေဟာကြည်လင်ပြီး၊ ကျောက်ဆောင် ကျောက်တန်းတွေဟာလည်းတကယ်ကို လှပလွန်းတဲ့ သဘာဝပန်းချီကားတစ်ချပ်လိုပါဘဲ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ အဆင်ပြေချော့မွေ့စွာသွားလာနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးမှုတွေပြုလုပ်လျက်ရှိနေပြီဖြစ်တဲ့အကြောင်း ပရိတ်သတ်တွေတွက် သတင်းကောင်းလေးမျှဝေပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။