ဖေဖော်ဝါရီ (၂၁)ရက်နေ့မှာ လာရှိုးမြို့၊ ရိုးမဘဏ်အတွင်း ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့် အပြစ်ကင်းတဲ့ဘဏ်ဝန်ထမ်းနှစ်ဦးအသက်ကိုပေးဆပ်ခဲ့ရပါတယ်။ သေဆုံးသူ ဘဏ်ဝန်ထမ်းနှစ်ဦးကတော့ ဒေါ်မော်မော်၊အသက်(၃၉ )နှစ်နှင့် ဒေါ်စန္ဒာထွန်း၊အသက်(၄၆)နှစ်တို့ဘဲ ဖြစ်ကြပါတယ်။ သေဆုံးသူတွေဟာ ဝဲဘက်ခြမ်းနဖူးမှ နားထင်စပ်ထိ ပေါက်ပြဲဒဏ်ရာ၊ ပါးစုတ်ပြဲဒဏ်ရာ၊ကိုယ်ခန္ဓာစုတ်ပြဲဒဏ်ရာများရရှိသေဆုံးခဲ့ရတာဖြစ်ပါတယ်။

တကယ်ကို မထင်မှတ်လောက်တဲ့အချိန်မှာ အဖြစ်ဆိုးကြီးနဲ့ကြုံတွေ့ပြီး ကြွေလွင့်သွားရှာရတဲ့ သူတို့နှစ်ဦးမိသားစုတွေရဲ့ ဝမ်းနည်းမှုတွေဟာ မဖြေဆည်နိုင်လောက်အောင်ကို ပြင်းပြနေကြပါတယ်။ "သမီးလေး ဖေဖေကြီးနဲ့မေမေကြီးကို ထားခဲ့ရက်တယ်၊ သမီးလေးဒီနေ့မနက်ရုံးကိုမသွားခင် ဖေဖေကြီးတို့နဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုမနက်စာကို အတူတူစားခဲ့တာနောက်ဆုံးထမင်းဝိုင်းလေးလို့ ဖေဖေကြီး ကြိုမသိခဲ့ဘူး၊ သမီးလေးရေအရွယ်ရောက်လာပေမဲ့ ဖေဖေနဲ့မေမေ့မျက်စိထဲမှာ ကလေးလေးလိုပါဘဲ"ဆိုတဲ့ ဝမ်းနည်းမှတ်တမ်းလေးဟာ မြင်ရသူတွေအားလုံးဝမ်းနည်းမှင်သက်စေခဲ့ပါတယ်။

နောက်ဆုံးချိန်လေးကို ကြိုမသိနိုင်တဲ့သမီးလေးကတော့ ရုံးလေးရက်ပိတ်မယ့်နောက်လထဲမှာ ပြင်ဦးလွင်ခရီးသွားမယ့်အစီစဉ်လေးကို အဖေနဲ့ အမေဖွင့်ပြောခဲ့တဲ့နေ့မှာဘဲ ဖေကြီးနဲ့ သမီး မေမေတောင်ခရီးထွက်မဲ့ အကြောင်းတွေပြောရင်းညနေစာကိုသမီးလေးကြိုက်တဲ့ဟင်းတွေချက်ရင်းပေါ့၊ သမီးလေး ရုံးဆင်းခါနီး သမီးမေမေ ဖေဖေကြီးကို “ရေမိုးချိုးတော့လေ သမီးလေးရုံးကပြန်လာရင် ထမင်းစားကြပြီးညဈေးတမ်းလျှောက်ရအောင် ဖေကြီးရေ” တဲ့အာ့လိုပြောတုန်းရှိသေးတယ်၊ ငလျင်လုပ်တာလိုလိုနဲ့ပေါက်ကွဲသံအကျယ်ကြီး ဖေဖေကြီးကြားလိုက်ရတယ်၊ ဖေဖေကြီးရဲ့ရင်ထဲမှာထဲ ဘာကြောင့်မှန်းမသိ တစ်ခါမှမခံစားဘူးတဲ့ ဝမ်းနည်းမူခံစားရတယ် ဒါနဲ့ဖေဖေကြီးအိမ်ရှေ့ထွက်ကြည့်လိုက်တယ်၊ အဲ့ချိန်ဖေဖေကြီးကြားလိုက်ရတာက သမီးလေးတို့ရုံးမှာပေါက်ကွဲမူဖြစ်တယ်ဆိုတဲ့အကြောင်း၊ သမီးလေးဆေးရုံပေါ်ရောက်နေပြီဆိုတဲ့အကြောင်း၊ သမီးလေးရဲ့ မေမေကိုလဲကျမသွားအောင်ဘေးကနေထိန်းရင်းဆေးရုံကိုဖေဖေကြီးပြေးလာခဲ့တာ ဖိနပ်မပါတာမသိနိုင်တော့လောက်အောင်ရင်တွေပူပြီး သမီးလေးဘာမမဖြစ်ပါစေနဲ့လို့ဆုတောင်းရင်းပေါ့"ဆိုပြီး ဖခင်တစ်ယောက်ရဲ့ ရှင်သန်မှုဟာ သားသမီးအတွက်ရှင်သန်နေရတယ်ဆိုတဲ့ အဓိပ္ပာယ်လေးဟာ ပေါ်လွင်ခဲ့ပါတယ်။

"ဒါပေမဲ့ ဖေဖေကြီးရဲ့ဆုတောင်းတွေမပြည့်ခဲ့ဘူး သမီးလေးရယ်၊ သမီးလေးကမေမေကြီးချက်ထားတဲ့ဟင်းတွေမစားချင်တော့လို့လား၊ ဖေဖေကြီးတို့နဲ့အတူ ရုံးပိတ်ရက်ကိုအလည်မသွားချင်တော့လို့လား၊ သမီးမေမေချုပ်ထားတဲ့အကျႌတွေကို “အရမ်းလှတာပဲ..မေမေရယ်”လို့မပြောချင်တော့လို့လား၊ ဖဖေကြီးနဲ့မေမေကြီးကိုနူတ်တောင်မဆက်ပဲ ရုတ်တရက် ခွဲခွာ သွားတာလား"ဆိုပြီး သားသမီးကိုဆုံးရှုံးလိုက်ရတဲ့ မိဘတစ်ယောက်ရဲ့ ရင်ထဲကစကားလုံးတွေဟာ တိုင်းဆနိုင်စွမ်းမရှိတဲ့ ဝမ်းနည်းမှုတွေမြင်တွေ့ရမှာပါ ပရိတ်သတ်ကြီးတို့ရယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။