မြန်မာနိုင်ငံရဲ့နေရာတော်တော်များများတွင် သောက်ရေသန့်ရရှိရန်ခတ်ခဲ့လျှက်ရှိကြောင်း သိရပါတယ်။ အဆိုပါမြို့တွေထဲတွင် နေပြည်တော် ပျဉ်မနားမြို့လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရပါတယ်။  

လက်ရှိ ပျဉ်မနားမြို့နယ် တွင် စက်ရေတွင်းများ တူဖော်နေကြောင်း သိရပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာနှင့် ကံဦးကျေးရွာတို့တွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် တူးဖော်လျက်ရှိသော စက်ရေတွင်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရပါတယ်။  

ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ ဒေသခံပြည်သူများ ရေကောင်းရေသန့်ကို ရရှိစေရေးအတွက် တင်ဒါအောင်မြင်သော ကုမ္မဏီများအား သက်မှတ်ကာလအတွင်း စက်ရေတွင်းတူးခြင်း၊ ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများအား သက်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရေးနှင့် ရေကောင်းရေသန့်များ ရရှိသည် အထိ တူးဖော်သွားရန် မှာကြားခဲ့ကြောင်း သိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။