ပရိသတ်အချစ်တော် နိုင်ငံလက်ရွေးစင် ကစားသမားကြီး အောင်လအန်ဆန်းကတော့ အောင်မမြင်မှုတစ်ခုကို ထပ်မံရရှိခဲ့တာပဲဖြစ်ပါတယ်။ MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန်ကတော့ ဘရာဇီးနိုင်ငံသားလက်ဝှေ့သမား ALEXANDRE MACHADO အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက် သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပသော လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံရွှေခါးပတ်လုပွဲတွင် ပထမအချီ၌ပင် အလဲထိုးအနိုင်ရရှိ ခဲ့တာပဲဖြစ်ပါတယ်။ 

အောင်လအန်ဆန်းကတော့ ယခင်မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုကို ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ယခု လိုက်ဟဲဗီး ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ဆုကိုပါ ထပ်မံရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်(ကြည်း၊ရေ)လေ)အရာရှိ၊ စစ်သည်၊ မိသားစုများက လှိုက်လှဲစွာဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။ ၎င်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပေးပို့သည့် ဂုဏ်ပြုစာလွှာ နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀ တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ သွားရောက်ချီးမြှင့်ပေးအပ်ရာ အောင်လအန်ဆန်က လက်ခံရယူခဲ့ကြောင်း သိရပါတယ်။

ထို့နောက် ကမ္ဘာ့ချန်ပီယံရွှေခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းရရှိသော ချီးမြှင့်ငွေအား My Me ပရောဂျက်မှကလေးငယ်များ၏ ပညာရေး နှင့်ကချင်ပြည်နယ်ရှိ ပရဟိတလုပ်ငန်းများတွင် အသုံးပြုသွား မည်ဖြစ်ပြီး ချန်ပီယံဆုအား ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် နောက်ပြိုင်ပွဲများတွင်လည်း ပိုမိုကြိုးစားသွားမည်ဟု ပြန်လည်ပြောကြားခဲ့ပါတယ်။

Source - Senior General Min Aung Hlaing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။