မြန်မာနိုင်ငံကတော့လက်ရှိ လမ်းပန်းဆက်သွယ်ရေးကို ကုန်းလမ်းပို့ကားများအပြင် မီးရထားများကိုလည်း ပိုမိုအသုံးပြုနေကြတာကိုတွေ့ရပါတယ်။ အဆိုပါ မီးရထားအသုံးပြုသူများတွင် နိုင်ငံခြားသားများစွာကလည်း အသုံးပြုလျှက်ရှိနေကြောင်း သိရပါတယ်။ မနေ့က ဖေဖော်ဝါရီ (၂၄)ရက်နေ့တွင်လည်း မြန်မာ့မီးရထားရဲတပ်ဖွဲ့ရဲ့ ကောင်းမွန်တဲ့စိတ်ထားလေးကို တွေ့ရပါတယ်။ 

မန္တလေး-လားရှိုး အမှတ် -၁၃၁ အဆန်ရထားလုံခြုံရေးလိုက်ပါဆောင်ရွက်သော ရထား ရဲတပ်ဖွဲ့မှ ဒုရဲတပ်ကြပ်သန်းနိုင်ဦးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက်ညနေ ၅ နာရီခွဲတွင် ရထားပေါ်၌စစ်ဆေးရာမှ အထက်တန်းတွဲ ခုံအမှတ်A-7 ,B-7ထိုင်ခုံပေါ်တွင် ထောက်တိုင်ပါ ကင်မရာအသေးတစ်လုံးကို ပိုင်ရှင်မဲ့တွေ့ရှိသဖြင့် ပိုင်ရှင်အား စုံစမ်းခဲ့ကြကြောင်း သိရပါတယ်။ ယင်းနောက် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၃ နာရီ ၁ဝ မိနစ်တွင် သီပေါဘူတာသို့ ကင်မရာပိုင်ရှင်ဖြစ်သူ ခရီးသည် လူဇင်ဘတ်နိုင်ငံသားများဖြစ်သည့် Michel Gulbickl နှင့်Caro Lineklcin တို့ ရောက်ရှိလာပြီး အထောက်အထားတင်ပြသဖြင့် ညနေ ၃ နာရီ ၁၅ မိနစ်တွင် သီပေါဘူတာရုံပိုင် ဦးအောင်ကျော်မြင့် ရုံးခန်း၌ ဒုရဲ တပ်ကြပ်ထွန်းထွန်းဝင်းနှင့် ဦးအောင်ကျော်မြင့်တို့က ၎င်းတို့ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။