ဖေဖော်ဝါရီ ၂၄ရက်နေ့၊ ညနေ၄နာရီခွဲ အချိန်၊ ရှမ်းပြည်တောင်းပိုင်း ကွန်ဟိန်းမြို့ အမှတ်(၃)ရပ်ကွက်တွင် ငွေကျပ်(၁၈၃)သိန်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများကိုဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ဖြစ်စဉ်မှာတော့ မူးယစ်တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့အား သတင်းပေးချက်အရ ကွန်ဟိန်းမြို့ အမှတ် ၃ ရပ်ကွက် ဆွယ်တော် လမ်းရှိဒေါ်နန်းနေ(ခ)နန်းနွမ်း ၄၂နှစ်ရဲ့ နေအိမ်အားဝင်ရောက်ရှာဖွေခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါ နေအိမ် အောက်ထပ် အဝင်ဘေးသေတ္တာထဲမှာတော့ ဘိန်မဲ(၁၂) ကျပ်သားနှင့် စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၉၀၀၀)ပြားနှင့်ငွေကျပ်(၁၂)သိန်းစုစုပေါင်း ကာလတန်ဘိုးငွေကျပ်(၁၀၃)သိန်း(၂)သောင်းတို့ကိုဖမ်းဆီး ရမိခဲ့တာ ဖြစ်တယ်လို့ ကွန်ဟိန်းမြို့ မူးယစ်တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောပါတယ်။

ဆက်လက်ပြီး နေအိမ်သို့ မူးယစ်ဆေးဝါး ဝယ်ယူရန် ရောက်ရှိနေသော ဒေါ်ပါရှန်း အသက်(၅၀)နှစ် ရပ်ကွက်(၃) ကွန်းဟိန်းမြို့နေသူထံမှလည်း မူးယစ်ဆေးဝါးများထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ပါရှန်းအား ရှာဖွေစစ်ဆေးခဲ့ရာမှာတော့ WY ဆေးပြား(၂၀၀)ပြားပါ (၄)ထုပ် ၊ဘိန်းမဲ(၃)ကျပ်သား နှင့် မူးယစ်ဆေးဝါးရောင်းရသော ငွေဖြင့်ပြုလုပ်ထားသည်ဟုယူဆရသောရွှေထည် ပစ္စည်းမျို ုးစုံ(၆)မျိုးတို့ကို ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးထံမှ စုစုပေါင်းမူးယစ်ဆေးဝါးကာလ တန်ဖိုးငွေကျပ်(၁၈၃)သိန်း (၅)သောင်း ၊ငွေစက္ကူ ကျပ်(၁၂)သိန်း ၊ရွှေထည်ပစ္စည်းမျိုးစုံ(၆)မျိုးတို့ကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ မူးယစ်ဆေးဝါးများနှင့်ရောင်းရငွေများကိုလက်ဝယ်တွေရှိသူ ဒေါ်နန်းနေ(ခ)နန်းနွမ်းနှင့့်ဒေါ်ပါရှန်းတို့နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ကွန်ဟိန်းမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ဆက်လက်ပြီးလည်း ၎င်းတို့နှစ်ဦးအား လက်ရှိတည်ဆဲဥပဒေများဖြင့် ဆက်လက်အရေးယူဆောင် ရွှက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။