ဖေဖော်ဝါရီ (၂၄)ရက် မွန်းလွဲ၂နာရီခွဲခန့်အချိန်၊ ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ ကြာကြီးကွင်း ကျေးရွာအနီးတွင် ကားနှင့်ဆိုင်ကယ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဖြစ်စဉ်မှာတော့ ဟိုပင်မြို့ ကြာကြီးကွင်းကျေးရွာအနီး မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ကီလိုမီတာ ၃၄၃ အရောက်တွင် NISSAN အမျိုးအစား MDY-7C(----)ယာဉ်အမှတ်ပါ ဆီဘောက်ဆာ မော်တော်ယာဉ်ဟာ လမ်းတစ်ဘက်မှမောင်းနှင်လာသော ဆိုင်ကယ်အား မျက်နှာချင်းဆိုင်ဝင်တိုက်ခဲ့မိတာပဲ ဖြစ်ပါတယ်။၎င်းဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသား ကတော့ လယ်ဦးကျေးရွာမူလတန်းကျောင်းအုပ်ဆရာကြီးဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဦးကျော်လင်းမောင်ရဲ့နဖူး၊ ရင်ဘတ်နှင့် ပေါင်ရင်းတို့တွင် ပေါက်ပြဲဒဏ်ရာ များနှင့် မေးရိုးကျိုး ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့တာပဲ ဖြစ်ပါတယ်။၎င်းရရှိခဲ့တဲ့ ဒဏ်ရာများကြောင့်နေရာမှာတင် ပဲပွဲချင်းပြီးသေဆုံးသွားတာဖြစ်တယ်လို့ ယာဉ်တိုက်မှုဖြစ်စဉ်အား သွားရောက်စစ်ဆေးခဲ့တဲ့ မိုးညှင်းခရိုင်ရဲတပ်ဖွဲ့ မှရဲအရာရှိတစ်ဦးကပြောပါတယ်။သေဆုံးသူ ဦးကျော်လင်းမောင်ကိုတော့ ဟိုပင်မြို့မဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီ သေမှုသေခင်းအရ စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ ရဲမှတ်တမ်းများမှာဖော်ပြထားတာပဲ ဖြစ်ပါတယ်။ 

MDY-7C(----)ဆီဘောက်ဆာ ယာဉ်ကိုမောင်းနှင်လာသူကတော့ မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည်မြို့ နယ် စိန်ပန်းရပ် ဧရာထွန်းရပ်ကွက်နေ ဦးမြင့်အောင်(၆၁)နှစ်ဖြစ်ပြီး ၎င်းတွင်လည်း ထိခိုက်ဒဏ်ရာအနဲငယ် (မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်နှင်သူ ဦးမြင့်အောင်အား ဟိုပင်မြို့နယ်မြေရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။