မကွေးမြို့အစွန်မှာတည်ရှိတဲ့ မြသလွန်စေတီတော်မြတ်ခြေရင်း ဧရာတီမြစ်အရှေ့ကမ်း အနီးမြစ်ရိုးမှာ တစ်စထက်တစ်စ ကျဉ်းမြောင်းလာပြီး ကမ်းနှင့် ပေ ၁ဝဝ ခန့်အကွာမှာ ကျယ်ပြန့်တဲ့ သောင်ပြင်တစ်ခုဖြစ်ပေါ်ထွန်းလာခဲ့ပါတယ်။ ထိုသောင်တင်ကမ်းလေးကတော့ မကွေးမြို့သူမြို့သားတွေရဲ့ အပန်းဖြေစရာနေရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်။

သောင်ပြင်သို့သွားနိုင်ရန် မြစ်ကိုဖြတ်၍ ပေ ၁ဝဝ အရှည်ခန့်ရှိ ဝါးတံတားနှစ်စင်း ခင်းထားပါတယ်။ ''ဒီသောင်ကြီးပေါ်လာတာကတော့ တစ်နှစ်လောက်ရှိပြီ၊ နောက်နှစ်လောက်ဆိုရင် ကမ်းနဲ့ဆက်သွား မလားပဲ၊ ရေတက်ချိန်မှာ ကမ်းလုံးပြည့်ရေရှိပေမယ့် ရေပြန်ကျချိန် တွေမှာ သောင်တွေကအနေအထား အမျိုးမျိုး ပြောင်းသွားတတ်ပါတယ်၊ မြစ်ရိုးကလည်း ကျဉ်းကျဉ်းလာတယ်၊ ဒီနှစ်သောင်ထွန်းတာလှတော့ အပန်းဖြေသူတွေအတွက်ရော စီးပွားရှာသူတွေပါ အဆင်ပြေတာပေါ့''ဟု ဘုရားအနီး နံကပ်ကျွန်းရွာနေ ဒေသခံတစ်ဦးပြောပြချက်အရ သိရပါတယ်။

သောင်ပြင်ကနေ အနောက်ဘက်ကမ်းကို မျှော်ကြည့်လိုက်ရင် မင်းဘူးမြို့က စက္ကိန်းတဲဘုရားကို ဖူးနိုင်ပါတယ်။ မန်းရေနံမြေနဲ့ အနောက်ရိုးမတောင်တန်းတွေရဲ့ အလှကိုလည်း ရှုမဝအောင်ခံစားနိုင်ပါတယ်။ ဧရာဝတီမြစ်၏ရေစီးသံနှင့်အတူ စုန်၊ ဆန်သွားလာနေသော သင်္ဘောနှင့် စက်လှေများ၊ လှေငယ်လေးများ၏ ရွေ့လျားမှုကို အလှ တရားတစ်ခုအဖြစ် မြင်တွေ့နိုင်ပြီး ဝါးတံတားအဆုံး သောင်ပြင်အစပ်တွင် သောင်ကျွန်းကိုပတ်ကာ အပျော်စီးနိုင်သည့် စက်လှေငယ်များကိုလည်း ပျော်ရွှင်စွာစီးနှင်းရင်း ဘဝအမောတွေဖြေဖျောက်နိုင်ကြပါစေနော် ပရိတ်သတ်ာကီးတိုု့ရယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။