Lori နဲ့ Chris တို့မှာ အသက် နှစ်နှစ်၊ လေးနှစ်နဲ့ ငါးနှစ်အရွယ် ကလေးသုံးဦးရှိပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးပါ။ တစ်နေ့မှာ ကြမ္မာဆိုးတစ်ခုကြောင့် ကားအက်စီးဒင့်ဖြစ်ပြီး ချစ်စရာကလေးသုံးယောက်လုံးကို ဆုံးရှုံးလိုက်ရပါတယ်။ မိခင်တစ်ယောက်အနေနဲ့ Loriရဲ့ ကြေကွဲဝမ်းနည်းမှုဟာ ပြောမပြတတ်အောင်ပါပဲ။ နောက်ခြောက်လအကြာအှာပဲ သူတို့လင်မယားဆီကို အံဖွယ်ဖြစ်ရပ်တစ်ခု ရောက်ရှိလာပါတော့တယ်။ Loriဟာ ကိုယ်ဝန်ရှိနေပြီး အံဖွယ်ဖြစ်ရပ်ကတော့ သုံးမြွှာပူးဖြစ်နေတာပါပဲ။

ရင်နာစရာအဖြစ်အပျက်က ၂ဝဝရခုနှစ်၊ မေလမှာ ဖြစ်ပျက်ခဲ့တာပါ။ အသက် ၅နှစ်အရွယ်ရှိ သားကြီး Kyle၊ လေးနှစ်အရွယ်ရှိ အလတ်မလေး Emmaနဲ့ ၂နှစ်အရွယ်ရှိ အငယ်ဆုံးသမီးလေး Katieတို့နဲ့ အတူ Loriဟာ အိမ်အပြန်ကားမောင်းနေရင်း အလေးချိန်တန်၂ဝလောက်သယ်လာတဲ့ ကုန်တင်ကားတစ်စီးကနေ သူတို့ကားကိုဖြတ်တိုက်သွားခဲ့တာပါ။ 

ကုန်တင်ကားဒရိုင်ဘာဖြစ်သူ Jorge Miguel Romeoဟာ အရင်ကတည်းက မြန်နှုန်းမြင့်မောင်းတတ်လို့ ဒဏ်ခဏခဏရိုက်ခံရသူပါ။ အက်ဆီးဒင့်ဖြစ်အပြီးမှာ Lori နဲ့ ကလေးတွေဟာ သီးခြားဆေးရုံတွေကိုပို့ခံခဲ့ရပြီး Lori သတိရလာချိန်မှာတော့ ဘေးကနေ ခင်ပွန်းဖြစ်သူ Chris ရဲ့ စကားဟာ သူမရင်ဘတ်ကို အရှိန်ပြင်းပြင်းနဲ့ ထိုးနှက်လိုက်သလိုပါပဲ။ သားသမီးသုံးယောက်လုံးဟာ အသက်မရှင်ခဲ့ပါဘူး။

အံ့ဖွယ်ဖြစ်စဉ်ဟာ နောက်ခြောက်လအကြာမှာ ဖြစ်ပျက်ခဲ့တာပါ။ Loriဟာ သုံးမြွှာပူးကလေးကိုယ်ဝန်ဆောင်ခဲ့ရပါတယ်။ အံဖွယ်ကောင်းလောက်အောင်ပဲ သားတစ်ယောက်၊ သမီးနှစ်ယောက်ပါ။ ပြန်ပြီးဝင်စားတယ်ပဲပြောပြော Lori ကတော့ သူမရဲ့သားသမီးတွေ တစ်နေ့သူမဆီ ပြန်လာမယ်ဆိုတာကို ယုံကြည်ခဲ့တယ်ဆိုတာပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀၁၆မှာ အမြွှာကလေးသုံးဦးဖြစ်တဲ့ Ashley, Ellie နဲ့ Jake တို့ဟာ သူတို့ရဲ့ ရှစ်နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲခဲ့ကြပါတယ်။ Lori နဲ့ Chris တို့ဟာ ယခုအခါမှာ ပျော်ရွှင်တဲ့မိသားစုလေးကို ပြန်လည်ရရှိခဲ့ပြီဖြစ်ပါတယ်။

Source : littlethings

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။